Travel Blog
မြန်မာနိုင်ငံတွင် သွားရောက်လည်ပတ်စရာလှပသောနေရာများနှင့် ပြည့်နှက်လျှက်ရှိနေပါသည်။ မြန်မာနိုင်ငံတွင်မြန်မာပြည် အထက်ပိုင်း၊အလယ်ပိုင်းနှင့် အောက်ပိုင်းဟုသုံးပိုင်း ခွဲခြားထားသည်။
ယခုမြန်မာနိုင်ငံတွင်ဆောင်းရာသီသို့ ရောက်ရှိနေပြီဖြစ်သောကြောင့် မနက်ပိုင်းလေ့ကျင့်ခန်းလုပ်သူများကိုလည်း တွေ့နိုင်ပါသည်။ မနက်ခင်းတွင် ရာသီဥတုလည်း အနည်းငယ်အေးကာ မနက်ပိုင်းလေ့ကျင့်ခန်းလုပ် သူများကိုလည်း တွေ့နိုင်ပါသည်။
ယခုအချိန်သည် ဆောင်းရာသီလည်းဖြစ်ကာ ခရီးသွားရာသီဖြစ်သောကြောင့် နိုင်ငံခြားသားခရီးသည်များနှင့် မြန်မာလူမျိုးများသည် မြန်မာနိုင်ငံ၏လှပသောနေရာများ၊ စိမ်းလန်းသောသဘာဝ တောတောင်အလှအပများ၊ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ဆောင်းရာသီအရသာကိုခံစားရင်း အေးချမ်းသောတောင်ပေါ်ဒေသများ၊ ဘုရားများကိုသွားရောက်ဖူးမျှော်ကာ ပျော်ရွှင်စွာခရီးသွားလာကြပါမည်။
ရန်ကုန်မြို့ အကြောင်း
မြန်မာနိုင်ငံတွင် သွားရောက်လည်ပတ်စရာလှပသောနေရာများနှင့်ပြည့်နှက်လျှက်ရှိနေပါသည်။ ထိုထဲကမှ ပထမဦးစွာ ရန်ကုန်မြို့ကြီး၏အလှကိုတင်ပြလိုပါသည်။ ရန်ကုန်မြို့၏ မနက်ခင်းတွင် ရာသီဥတုလည်း အနည်းငယ် အေးကာ မနက်ပိုင်း လေ့ကျင့်ခန်းလုပ်သူများကိုလည်းတွေ့နိုင်ပါသည်။
ပထမဦးစွာ တန်ခိုးကြီးဘုရားများသို့ သွားရောက်ဖူးမျှော်ပြီးနောက် ရန်ကုန်မြို့၏အသစ်ဖွင်လှစ်ထားသော ညဈေးတန်းနှင့်အခြား ထင်ရှားပြီးလှပသောနေရာများသို့လည်းသွားရောက် လည်ပတ်ကြပါမည်။
ပထမဦးစွာ ရန်ကုန်မြို့၏ ကျက်သရေဆောင်နှင့်တန်ခိုးအကြီးဆုံးဖြစ်သော ရွှေတိဂုံစေတီ၊ ဆူးလေစေတီ၊ ကမ္ဘာအေးစေတီ၊ လောကချမ်းသာလာဘမုနိဘုရား၊ ခြောက်ထပ်ကြီးဘုရား၊ ငါးထပ်ကြီးဘုရား၊ မယ်လမုဘုရား၊ စွယ်တော်ဘုရားနှင့် ဗိုလ်တစ်ထောင်ဘုရားတို့ကိုသွားရောက်ဖူးမျှော်ကြပါမည်။
ဘုရားများကို ဖူးမျှော်ပြီးနောက် အမျိုးသားပြတိုက်၊ ပြည်သူ့ရင်ပြင်၊ တိုင်းရင်သားကျေးရွာ၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နှင့် ဗိုလ်ချုပ်ဈေး တို့ကိုသွားရောက်လည်ပတ်ကြပါမည်။
ထို့နောက် ရန်ကုန်မြို့ညဈေးတန်းအလှကိုကြည့်ရှုကာ အရသာရှိသောမုန့်များ ကိုစားသုံးကြပါမည်။
ယခုအချိန်သည် ခရီးသွားရာသီ ဖြစ်သောကြောင့် နိုင်ငံခြားသားခရီးသည်များနှင့် မြန်မာလူမျိုးများသည် မြန်မာနိုင်ငံ၏ လှပသောနေရာများ၊ စိမ်းလန်းသော သဘာဝ တောတောင် အလှအပများနှင့် မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ် များကိုခံစားကြည့်ရှုကာ ပျော်ရွှင်စွာ ခရီးသွားလာကြပါမည်။
မန္တလေး
မန္တလေးမြို့တော်သည် လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်က တည်ထားခဲ့သော မင်းနန်းဆိုက်ရာမြို့တော်ဖြစ်သည်။ ရေလမ်း၊ ကုန်းလမ်း၊ လေကြောင်းလမ်းများမှအလွယ်တကူရောက်ရှိနိုင်သည်။
မန္တလေးမြို့တွင် မဟာမြတ်မုနိဘုရားကြီး၊မန္တလေးတောင်၊ရန်ကင်းတောင်၊စွယ်တော်မြတ်စေတ်ီတော၊်ကျောက်စိမ်းဘုရား၊မန္တလေးဈေးချိုအပြင် လည်ပါတ်စရာ နေရာအများအပြားရှိပါသည်။ တည်ခိုးနားနေရန် ဟိုတယ်ကြီး များနှင့် ဈေးသက်သာသော တည်းခိုခန်းများလည်း ရှိသောကြောင့် ဘုရားဖူးများ အလည်ပါတ်သွားသူများ အတွက် အလွန်အဆင်ပြေပါသည်။
မန္တလေးမြို့မှတဆင့် အင်းဝ၊မင်းကွန်း၊စစ်ကိုင်းမြို့များသို့ သွားရောက် လည်ပတ်လေ့လာနိုင်ပါသည်။ အင်းဝ၊မင်းကွန်း၊စစ်ကိုင်းမြို့သည် မန္တလေးမှစစ်ကိုင်းသို့သွားသည့် လမ်းပေါ်တွင် တည်ရှိပြီး ရှေးမင်းနေပြည်တော် ဖြစ်ခဲ့ပါသည်။
ရှေးဟောင်းနန်းတော်အုတ်ရိုးများ နန်းမတော်မယ်နုအုတ်ကျောင်း၊ နန်းတော်အုတ်ရိုး၊ အင်းဝမျှော်စင် မဟာအောင်မြေဘုံစံကျောင်းတော်နှင့် ရိုးရာသပိတ်လုပ်ငန်း လုပ်ကိုင်ရာနေရာများသို့ မြင်းလှည်းစီးပြီး သွားရောက် လည်ပါတ်နိုင်ပါသည်။ ဆက်လက်ပြီး စစ်ကိုင်းသို့ သွားရာလမ်းတွင် မင်းကွန်းပုထိုးတော်ကြီးကို ၀င်ရောက်ဖူးမျှော်နိုင်ပါသည်။
စစ်ကိုင်းတောင်ရိုးတွင် ကောင်းမူတော်စေတီ၊ဆွမ်းဦးပုညရှင် စေတီတော်၊ ဘုန်းကြီးကျောင်းများ၊ မယ်သီလရှင်ကျောင်းများ တည်ရှိရာ စစ်ကိုင်းချောင် တို့ကို သွားရောက်လည်ပါတ်နိုင်ပါသည်။
ပြင်ဦးလွင်
ပြင်ဦးလွင်မြို့သည် တောင်ပေါ် အပန်းဖြေမြို့တော် အဖြစ် ထင်ရှား သည့် အလျောက် နှစ်စဉ် ကျင်းပပြုလုပ်ပြသမြဲ ဖြစ်သော ကန်တော်ကြီး အမျိုးသားဥယျာဉ် အတွင်းရှိပန်းပွဲတော်ကိုလည်း ဧည့်ပရိသတ်များ သာမက နိုင်ငံခြားသားခရီးသည်များ ကလည်း စိတ်ဝင်စား လာရောက်ကြသည်။ ထို့အပြင် တန်ခိုးကြီးမားလှသည့် မဟာ အံ့ထူးကံသာဘုရားသို့လည်းသွားရောက် ဖူးမျှော်နိုင်ပါသည်။
ပြင်ဦးလွင် ဆိုရင်ဖြင့် တွဲလျှက်မြင်မိကြမယ့် နာမည်ကြီးရေပြာအိုင် ၊ပွဲကောက် ၊ဒတ်တော်ချိုင့်နှင့် ပိတ်ချင်းမြောင် အစရှိတဲ့ ရေတံခွန်များသို့လည်းသွားရောက် လည်ပတ်နိုင်ပါသည်။ ပြင်ဦးလွင်တွင် အစားအသားလည်း ကောင်းပြီး အေးချမ်းလှစွာ အနားယူနိုင်ကာ စိုက်ခင်းတွေကိုပါ လေ့လာနိုင်မယ့် ဒီဇင်ဘာခြံ စားသောက်ဆိုင်တွင် ၀င်ရောက် အနားယူနိုင်ပါသည်။
အင်းဝမြို့
ကဲဒီတစ်ခါတော့ အင်းဝမြို့အကြောင်းကို ပြောပြမယ်နော်။ နန်းမတော်မယ်နုအုတ်ကျောင်းဆိုတာနဲ့ အင်းဝမြို့ဆိုတာကို တန်းသိမယ် ထင်ပါတယ်နော်။ အင်းဝမြို့မှာဆိုရင် ရှေးဟောင်းသမိုင်းဝင်ဘုရားများနဲ့ တည်ရှိနေတာကို တွေ့နိုင်ပါသည်။
အင်းဝမြို့မှာ မြင်းလှည်းကလေးစီးပြီး တန်ခိုးကြီးဘုရားများကို လိုက်လံဖူးမျှော်ရတာလည်း စိတ်ချမ်းမြေ့စရာကောင်းလှပါတယ်နော်။ အင်းဝမြို့ရဲ့ တန်ခိုးကြီးဘုရားများဖြစ်တဲ့ မဟာအောင်မြေဘုံစံကျောင်း၊ နန်းမတော်မယ်နုအုတ်ကျောင်းတို့ကို သွားရောက် လည်ပတ်ကြပါမယ်နော်။
အင်းဝမြို့ကို သွားရောက် လည်ပတ်သင့်တဲ့ အချိန်တွေကတော့ နွေရာသီတွေမှာတော့ အရမ်းပူလို့ မိုးဦးကျနဲ့ ဆောင်းရာသီတွေမှာ သွားရောက်လည်ပတ်ကြပါနော်။ အင်းဝမြို့ကို လည်ပတ်ချင်လို့ အသေးစိတ်စုံစမ်းလိုလျှင်တော့ Aisa Blosom T&T ကို ခုပဲ ဆက်သွယ်လိုက်ပါလို့ ဖိတ်ခေါ်ပါရစေနော်။
ပုဂံ
ပထမမြန်မာနိုင်ငံ တည်ထောင်ခဲ့သော အနော်ရထာမင်းတရားကြီးသည် သထုံပြည်မှ ရှင်အရဟံ ကိုယ်တော်မြတ်ကို ပင့်ဆောင်ပြီး မင်းနေပြည်တော် ပုဂံမြို့တော်မှ ဗုဒ္ဓဘာသာ တရားတော်ကို တစ်နိုင်ငံလုံးသို့  ပျံ့နှံ့စေရန် ဆောင်ရွက်ခဲ့ပါသည်။ ထိုအချိန်မှစပြီး ပုဂံတွင် စေတီပုထိုးများစွာကို တည်ထား ကိုးကွယ်ခဲ့ပါသည်။
ပုဂံတွင် ကြီးလေးကြီးဟု သတ်မှတ်ရသော စေတီတော်ကြီးများမှာ
- တန်းခိုးနှင့်နာမည်ကျော်ကြားသောရွှေစည်းခုံစေတီတော်
- ထုထည်တွင်ကြီးမားသောဓမ္မံရံကြီး
- ညဏ်တော်အမြင့်တွင် မြင့်မားသောသဗ္ဗေညုဘုရား
- အနုပညာလက်ရာအနုစိပ်သောအာနန္ဒာဘုရားတို့ဖြစ်ပါတယ်။
ပုဂံတွင် လှည်းဝင်ရိုးသံတညံညံ ပုဂံဘုရားပေါင်း ဆိုသကဲ့သို ဘုရားပေါင်း သန်းချီ ရှိခဲ့ဖူးပါသည်။ ယခုအခါတွင် နန်းမြင့်မျှော်စင်၊ ယွန်းထည်ပစ္စည်းများပြတိုက်၊ ရှေ့းဟောင်းယဉ်ကျေးမူပြတိုက် စသည့် လည်ပါတ်စရာ နေရာ များစွာလည်း ရှိပါသည်။ ထို့အပြင် ယခုအခါတွင် မိုးပျံပူပေါင်း(Balloons)များ စီးပြီးလဲ ပုဂံမြို့ကြီးရဲ့ အလှအပကို တ၀ကြီး ကြည့်ရှု ခံစားလို့ရပါတယ်။
ပုဂံမြို့ကြီးရဲ့ အလှအပကို ပန်းချီကားတချပ်ကဲ့သို့လှပတင့်တယ်စေတဲ့ ညနေခင်း နေ၀င်ဆည်းဆာ အချိန်ကို ပြသာဒ်ကြီးဘုရားနှင့် ရွှေဆံတော်ဘုရား တို့မှ ကြည့်ရှု ခံစားနိုင်ပြီး ဧရာဝတီမြစ်ကြီးရဲ့ အလှအပကိုတော့ ဗူးဘုရားမှ တဆင့် ကြည့်ရှု ခံစားနိုင်ပါတယ်။
နေပြည်တော်
မြန်မာအစိုးရမင်းများ ရုံးစိုက်ရာ နေပြည်တော်တွင် လွှတ်တော်အဆောက်အဦးများ၊ ၀န်ကြီးဌာနရုံးများ တည်ရှိပါသည်။ လာရောက် လည်ပါတ်သူများ တည်းခိုနိုင်ရန် ဟိုတယ်ဇုံနှင့်စရိတ်မျှတသည့် တည်းခိုခန်းများလည်း တည်ရှိပါသည်။ နေပြည်တော်ရှိ ဥပန္တီစေတီတော်၊ Safariပန်းခြံ၊ ရေပန်းဥယာဉ်နှင့် သတ္တဌာနေ စသည့် လည်ပါတ်စရာ နေရာပေါင်း များစွာ ရှိပါသည်။
အင်းလေး
ရှမ်းပြည်နယ် ညောင်ရွှေမြို့ အနီးရှိ အင်းလေးကန်သည် ပြည်တွင်းခရီးသည်များ လည်ပါတ်ရန် နာမည်ကြီး နေရာတခု ဖြစ်ပါသည်။ အင်းလေးကန်တွင် စက်လှေများဖြင့် ကန်တွင်းရှိ ဖောင်တော်ဦးဘုရား၊ အလိုတော်ပေါက်ဘုရား၊ ငါးဖယ်ချောင်း(ကြောင်ခုန်ကျောင်း)၊ အင်းဖောကုန်းရွာ၊ အင်းတိမ် စသည့် နေရာများသို့ သွားရောက် လည်ပါတ်နိုင် ပါသည်။ ညောင်ရွှေမြို့တော်တွင် ဟိုတယ်နှင့် ဈေးသက်သာသော တည်ခိုခန်းများ ရှိသဖြင့် ခရီးသွားများအတွက် နားနေရန် အဆင်ပြေပါသည်။
အင်းလေး ဖောင်တော်ဦးဘုရား
အင်းလေးမြို့မှာရှိတဲ့ ဖော်တော်ဦးဘုရားသည် ရှမ်းပြည်နယ် တောင်ပိုင်းတွင် တည်ရှိပါသည်။ ညောင်ရွှေမှ စက်လှေဖြင့် ဖောင်တော်ဦးသို့ 45မိနစ်ခန့် ကြာမြင့်ပါသည်။ ဖောင်တော်ဦးဘုရားသည် ဘုရင်အလောင်းစည်သူမင်း လက်ထက်တွင် တည်ထားခဲ့သော ဘုရား ဖြစ်သည်။
ဖောင်တော်ဦးဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း အောက်တိုဘာလတွင် ကျင်းပပါသည်။ 1960 အလယ်ပိုင်းလောက်ထိ ညောင်ရွှေ ဟော်နန်းကျောင်းကို နှစ်စဉ် ရှောင်ကွင်းခဲ့ပြီး ယခုတွင်မူ ပွဲတော်ချိန်တိုင်းတွင် ညောင်ရွှေဟော်နန်းကျောင်းတော် သို့ဝင်ပါသည်။သို့သော် ဘုရားငါးဆူအနက် တဆူမှာမူ ဖောင်တော်ဦးကျောင်တော်တွင်ပင် ကျန်ရှိခဲ့ပါသည်။
ရှေးအခါက ဘုရင်ကိုယ်တိုင် ဘုရားငါးဆူကို အင်းလေးကန်တွင်းရှိ ၇ွာများသို့ ပင့်ဆောင်စဉ် မိုးသက်လေပြင်း ကျရောက်ခဲ့ပြီး ပင့်ဆောင်တော်မူလာသည့် လှေကြီးနှင့် ဘုရားငါးဆူ မှာနှစ်မြုပ်သွားခဲ့ပါသည်။ လှေကြီးနှစ်မြုပ်ပီး ဘုရားလေးဆူကို ပြန်လည်တွေ့ရှိပြီး ကျန်တဆူမှာမူ ဘယ်လိုပင် ရှာစေကာမူ မတွေတော့ချေ။
ရှာဖွေမူများ ရပ်နားသည့်နေ့တွင် ထိုပျောက်ဆုံးသွားသော ဘုရားတစ်ဆူမှာ ကျောင်းတော်သို့ သူ့အလိုလို ပြန်လည်ရောက်ရှိနေကြောင်း တွေ့ရပါသည်။ ထို့ကြောင့် နှစ်စဉ်နှစ်တိုင်း ဖောင်တော်ဦးကြွချိန်တွင် ယင်းတဆူကို ကျောင်တော်တွင်သာ ထားရှိခဲ့ရပါသည်။
ယခုအခါတွင် ဖောင်တော်ဦးဘုရားသို့ မြန်မာနိုင်ငံအတွင်းရှိ လူမျိုးများသာမက ကမ္ဘာလူမျိုးအသီးသီးကပါ လာရောက် လေ့လာ ဖူးမျှော် ကြပါသည်။
ကလော
ကလောမြို့သည် ကိုလိုနီခေတ် အစိုးရမင်းများ နွေရာသီအပန်းဖြေမြို့ ဖြစ်သောကြောင့် ကိုလိုနီခေတ်စတိုင်လ် တိုက်အိမ်ကလေးများ ပန်းခြံများ ထင်းရူးပင်ကြီးများဖြင့် အလွန်သာယာသော လည်ပါတ်စရာ နေရာတခု ဖြစ်ပါသည်။ မြင်းမထိဂူ၊ ပင်းတယလိုင်ဂူ၊ ကုံလုံဆရာတော်ကျောင်း၊ ရေပြာအိုင် စသော နေရာများသည် ကလောမြို့နှင့် မိုင်အနည်းငယ်ခန့်သာ ကွာဝေးသော နေရာတွင် တည်ရှိပါသည်။ ကလောမြို့တွင် ဟိုတယ်များနှင့် ဈေးသက်သာသော တည်းခိုခန်းများရှိသဖြင့် ခရီးသွားများအတွက် နားနေရန် အဆင်ပြေပါသည်။
ကလောရွာများသို့လည်း ခြေလျှင်ခရီး(Trekking)ဖြင့် သွားရောက် လည်ပတ်ကာ သွားရာ လမ်းတလျှောက်ရှိ ကလောရှုခင်းများနှင့် ရာသီသီးနှံ စိုက်ခင်းများကို လည်းလေ့လာ ကြည့်ရှုနိုင်ပါသည်။
တောင်ကြီး
တောင်ကြီးမြို့သည် ပင်လယ် ရေမျက်နှာအပြင် အထက်လေးထောင်ကျော်တွင် တည်ရှိသောကြောင့် နွေရာသီတွင် သွားရောက် လည်ပါတ်ရန် အဆင်ပြေသောနေရာဖြစ်ပါသည်။တောင်ကြီးတန်ဆောင်တိုင်သည် မီးပုံးပျံပွဲတော် ကျင်းပသောကြောင့် လည်ပါတ်သူများဖြင့် စည်ကားလျှက် ရှိပါသည်။
တောင်ကြီးမြို့မှ 16မိုင်ခန့် အကွာတွင် တည်ရှိသော မွေတော်ကက္ကူရှေးဟောင်းစေတီတော်များ၊ ဟိုပုံးရေထွက်ဦး၊ ဟိုပုံးကိုရင်လေးကျောင်း နှင့် ထမ်ဆန်ဂူ စသည့် လည်ပါတ်စရာ နေရာ များလည်းရှိပါသည်။
ကျိုက်ထီးရိုး
မွန်ပြည်နယ် ကျိုက်ထိုမြို့အနီးတွင် တည်ရှိသော ကျိုက်ထီးရိုးစေတီတော်ကြီးသည် ကမ္ဘာသိ နေရာတခုဖြစ်ပါသည်။ စေတီတည်ရှိရာ ကျိုက်ထီးရိုးတောင်ပေါ်သို့ ကင်ပွန်းစခန်းမှ တောင်တက်ကားများဖြင့် တက်ရောက်ပါက 45မိနစ်ခန့် ကြာမြင့်ပြီး တောလမ်းမှ ခြေလျှင် တက်ရောက်ပါက တောတောင် ချောင်းမြောင်းငယ်များကို ဖြတ်သန်းသွားရသောကြောင့် အလွန်သာယာလှပါသည်။ ကျိုက်ထီးရိုးတောင်ပေါ်သို့ ရောက်လျှင် တာင်စွန်းတွင် မြေပြင်မှ ကြက်မတ၀တ်စာ လွတ်သော ကျောက်တုံးပေါ်တွင် တည်ထားသော ကျိုက်ထီးရိုး စေတီတော်ကို ကြည်ညိုစွာ ဖူးမျှော်နိုင်ပါသည်။ ယခုလက်ရှိချိန်ထိ စေတီတည်ထားရာ ကျောက်တုံးသည် တောင်စွန်းနှင့် မထိပဲ လွတ်နေသည်ကို ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။ အပြန်ခရီးတွင် ဇင်းကျိုက်ရေတံခွန်၊ စိမ်းလဲ့တင်ဥယာဉ် စသည့် နေရာများသို့လည်း ၀င်ရောက် လည်ပါတ်နိုင်ပါသည်။
ပင်လယ်ကမ်းခြေများ
ဧရာဝတီတိုင်းတွင်ရှိသော ချောင်းသာကမ်းခြေ၊ ငွေဆောင်ကမ်းခြေနှင့် ရခိုင်ပြည်နယ်တွင် ရှိသော ငပလီကမ်းခြေတို့သည် ခရီးသွားများ အကြိုက်များသည့် အပန်းဖြေရာ နေရာ ဖြစ်ပါသည်။
ကျွန်းများ
ယခုအခါတွင် ကျွန်းခရီးစဉ်များသို့လည်း သွားရောက် လည်ပတ်လာကြပါသည်။ မြိတ်ကျွန်းစုများ၊ထားဝယ်ကမ်းခြေ ၊ကော့သောင်းကျွန်းစုများ အစရှိသည့် နေရာများသို့လည်း ခရီးသွားဧည့်သည်တော်များဖြင့် စည်ကားလျှက် ရှိပါသည်။
ဝင်္ဂဘောဆင်စခန်း
ရန်ကုန် မှ ဝင်္ဂဘောဆင်စခန်းသို့ အမြန်လမ်းမှ ၁နာရီခွဲလောက် မောင်းရုံဖြင့် ဝင်္ဂဘောဆင်စခန်းသို့ ရောက်ရှိပါမည်။ ဝင်္ဂဘောဆင်စခန်းကတော့ အမြန်လမ်းမှ ဘုရားကြီးလမ်းသို့ ဝင်ရုံနှင့်ဝင်္ဂဘောဆင်စခန်းသို့ ရောက်ရှိကြပါမည်။
ထို့နောက် ဆင်ပေါက်ကလေးများနှင့် ဆင်ကြီးများကို အစာကျွေးကြပါမည်။ ဆင်များကို အစာကျွေးပြီးနောက် ဆင်ရေချပါမည်။ ဆင်ရေချပြီးနောက် ခဏနားကာ ဆင်စီးကြပါမည်။ မနက် ၈နာရီနှင့် ၃နာရီတွင် ဆင်များကို ရေချကြပါသည်။ တောတောင်အလှများ၊ စမ်းချောင်းများကို ကြည့်ရှုရင်း ပျော်ရွှင်စွာ ဆင်စီးကြပါမည်။
ဆင်ကြီးများကတော့ ထားဝယ်ဘက်ကနေ လမ်းလျှောက်ပြီးလာကြကာ ဆင်ပေါက်ကလေး ၆ ကောင်မှာ ၂ ကောင်ကတော့ မိဘမဲ့လို့သိရပါတယ်။ ၀င်ကြေးကို တစ်ခါစီးရင် မြန်မာလူမျိုး ကလေး၊ လူကြီး ၁ယောက်ကို ၅၀၀၀ကျပ်နဲ့ နိုင်ငံခြားသားခရီးသည် တွေဆိုရင် ၂၀၀၀၀ ကျပ်ကောက်ပါတယ်။
စမ်းချောင်းဘက်သွားချင်ရင်စမ်းချောင်းဘက်၊ သစ်တောတွေဘက်သွားချင်ရင်သစ်တောဘက် ၁ပတ်ပဲပို့ပေးပါတယ်။ နောက်တစ်ပတ်ဆင်ထပ်စီးရင်သပ်သပ် ထပ်ပေးရတယ်။ ဆင် ၁ ကောင်ကို လူကြီးဆို၂ ယောက်မှ ၃ယောက်ထိစီးလို့ရပြီး ကလေးပါရင်တော့ ၃ ယောက်မှ ၄ ယောက်ထိ စီးလို့ရပါတယ်။
ဆင်စာတွေကိုတော့ ယူသွားစရာမလိုဘဲ ငှက်ပျောသီးနဲ့ ကြံ တစ်ချင်းကိုတော့ ၂၀၀၀ ကျပ်နဲ့ပေးဝယ်လို့ရတဲ့အပြင် ဆင်လသားလေတွေအတွက်တော့ နို့တစ်ဗူးကို ၅၀၀၀ ကျပ်နဲ့ ကိုယ်တိုင်ဝယ်တိုက်လို့ရပါတယ်။ လေ့လာရေးအတွက်လာကြတဲ့ လူတွေရှိသလို အဖွဲ့လိုက် ပျော်ပွဲစားလာကြတဲ့လူတွေလဲရှိကြပါတယ်။
ဝင်္ဂဘောဆင်စခန်းဟာဆိုရင် သိတဲ့သူသိပ်မရှိကြသေးတဲ့အတွက် လာတဲ့သူနည်းပါးကာ နိုင်ငံခြားသားခရီးသည်တွေတောင် မတွေ့ရသေးပါဘူး။ အမြန်လမ်းမကြီးဘက်က သွားသောကြောင့် လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းမွန်ပါတယ်။ နွေဘက်ဆိုရင်တော့ စမ်းချောင်လေးတွေတော့ ရေနည်းနေတတ်ပါတယ်။
ဆင်စီးမယ်ဆိုရင် သွားတဲ့ လမ်းကြောင်းက အပင်တွေဟာအုပ်ဆိုင်းမနေလို့ နေခင်းဘက်သွားမယ်ဆိုရင် ဦးထုပ် တွေ နေကာမျက်မှန်တွေ ယူသွားသင့်ပါတယ်။ လမ်းတွေကလည်း တောလမ်းတွေမို့ လက်တမ်းတွေကို သေချာကိုင်ထားသင့်ပါတယ်။ ရန်ကုန်မှ နေ့ချင်းပြန်သွားနိုင်လို့ပိတ်ရက်ရက်ရှည်မရတဲ့လူတွေ အတွက် ခရီးအလည်ပါတ်သွားဖို့ ကောင်းတဲ့ နေရာလေးတခု ဖြစ်ပါတယ်။
ဆင်လေးတွေ ကို အစာကျွေးရင်း ပျော်ပွဲစားထွက်လို့ရတယ်ဆိုတော့ ဝင်္ဂဘောဆင်စခန်းလေး ကိုသွားရောက်ကြဖို့ပြောချင်ပါတယ်။ နေ့လည်စာမထည့်လာကြဘူးဆိုလည်း နေ့လည်စာစားဖို့ လမ်းမှာ သပြေရိပ် ဆိုင်လေး လည်းရှိပါတယ်။
Yangon Rhythm Cruise, Yangon
Yangon Rhythm Cruise မှ မိုးရာသီ ဇွန်၊ ဇူလိုင်မှလွဲပြီး ကျန်တဲ့လတွေတွေမှာ ရန်ကုန်မြစ်ကြီးထဲတွင် သဘောင်္အပျော်စီးလို့ရနေပြီနော်။ အခုကတော့ ညနေပိုင်းတွေပဲ ဆွဲပေးနေပါတယ်။ ရန်ကုန် ဗိုလ်တစ်ထောင်ကမ်းနားကနေ မော်တင်ထိ 1နာရီမောင်းပေးပါတယ်။ သေဘာၤကေတာ့ 2ထပ္သေဘာၤၾကီးပါ။ သေဘာၤရဲ့ အောက်ထပ်မှာတော့ ကာရာအိုကေခန်းရှိပြီး free သီချင်းဆိုလို့ရပါတယ်နော်။
ကာရာအိုကေခန်းထဲမှာ ထိုင်ခုံကတော့ 16 ခုံလောက်ထားပေးထားပါတယ်။ အပေါ်ထပ်မှာတော့ ထိုင်ခုံ 120 လောက် ထားပေးထားပြီးတော့ စားစရာတွေအဖြစ် ကြက်ကြော်၊ ငါးမုန့်နှင့် ဘီယာ (သို့) အချိုရည် များကိုလည်း free ကျွေးနေပါတယ်နော်။ အရမ်းကောင်းတဲ့ဝန်ဆောင်မှုတွေကိုလည်း တွေ့ရမှာပါ။ စားစရာတွေကတော့ အဝစားတော့မဟုတ်ပါဘူးနော်။ အအေးဆို 1ယောက်ကို 1ခွက်ပဲရမှာပါနော်။
သဘောင်္ပေါ်မှာ ဝယ်စားမယ်ဆိုရင်တော့ ခရမ်းချဉ်သီးသုတ်၊ လက်ဖတ်သုတ် စတဲ့အသုတ်တွေတော့ရပါတယ်။ တစ်ပွဲကို 1500 ကျပ်လောက်နဲ့ စားလို့ရပါတယ်နော်။ သေဘာၤေပၚမွာ အသက္ကယ္အက်ီၤ တွေလည်း အလုံအလောက်ရှိပါတယ်။ မော်တော်ဘုတ် အသေးလေးတွေလည်း 2စီးလောက်ထားပေးထားပါတယ်နော်။
ဒါ့ကြောင့် လုံခြုံစိတ်ချရပြီး ဝန်ဆောင်မှုလည်းကောင်းတဲ့ Yangon Rhythm Cruise သဘောင်္ကြီးနဲ့ ရန်ကုန်မြစ်ရဲ့ ညနေခင်းအလှကိုကြည့်ရှုရအောင် အခုပဲ ဖိတ်ခေါ်ပါရစေနော်။