Asia BlossomAsia Blossom
Forgot password?

အထူးလျော့ဈေးများ

Cafe’ Sule Seafood Buffet

Sule Shangri-la Hotel ရန်ကုန်မှာရှိတဲ့ Cafe’ Sule Restaurant မှာနေ့လယ်စာအတွက် ပင်လယ်စာဘူဖေး တွေကိုဈေးလျော့ပေးနေပါပြီနော်။ ပင်လယ်စာဘူဖေးတွေကို ပုံမှန်ဈေးက တစ်ယောက်ကို 45 ဒေါ်လာပါ။ ခုအထူးလျော့ဈေးအနေနဲ့ တစ်ယောက်ကို 32 ဒေါ်လာနဲ့ဈေးလျော့ပေးထားတာ ဖြစ်လို့လက်လွတ်မခံသင့်ပါဘူး။ ဘူဖေးကတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့မှာပဲရှိပါတယ်၊ ညနေ ၀၆၀၀ မှ ၁၀၀၀ နာရီထိစားလို့ရပါတယ်။ နေ့လယ်ပင်လယ်စာဘူဖေးမှာဆိုရင်တော့ ပင်လယ်ပုဇွန်တုတ်ကြီး၊ ကျောက်ပုဇွန်ကြီးတွေအပြင် ပင်လယ်စာမျိုးစုံကို ကြော်၊ကင်၊ပြုတ်၊ ဟော့ပေါ့များ လုပ်ပေးခိုင်းလို့ရတဲ့အပြင် အချိုရည်ဖြင့်လည်း တွဲဖက်စားသုံးနိုင်ပါတယ်။ ပင်လယ်စာတွေစားပြီးလို့ ဗိုက်တင်းသွားပြီဆိုရင်လည်း အချိုပွဲအနေနဲ့ ကိတ်မုန့်၊ရေခဲမုန့်နဲ့ အသီးတွေလည်း သုံးဆောင်လို့ရပါသေးတယ်။ သွားမယ်၊ စားမယ်ဆိုတဲ့ အမျိုးတွေလက်လွတ်သွားမှာ ဆိုးလို့ခုပဲသွားစားကြရအောင်ပါ။ လောလောဆယ်မှာတော့ ဒီဇန်နဝါရီလ 2017 လကုန်ထိပဲမို့အမြန်ဆုံးသွားရောက်ကာ စားသုံးကြရအောင်ပါ။

Brasserie International Restaurant Seafood Buffet

Park Royal Hotel ရန်ကုန်မှာရှိတဲ့ Brasserie International Restaurant မှာညစာအတွက် ပင်လယ်စာဘူဖေး တွေကိုဈေးလျော့ပေးနေပါပြီနော်။ ပင်လယ်စာဘူဖေးတွေကို ပုံမှန်ဈေးက တစ်ယောက်ကို ဒေါ်လာ 40 ပါ။ ခုအထူးလျော့ဈေးအနေနဲ့ တစ်ယောက်ကို 25% ဆီဈေးလျော့ပေးထားတာ ဖြစ်လို့လက်လွတ်မခံသင့်ပါဘူး။ ဘူဖေးကတော့ အပတ်စဉ် ဗုဒဟူး၊ သောကြာနဲ့ စနေနေ့တွေမှာရှိပါတယ်၊ ညနေ ၀၆၃၀ မှ ၀၉၃၀ နာရီထိစားလို့ရပါတယ်။ ညစာပင်လယ်စာဘူဖေးမှာဆိုရင်တော့ ပင်လယ်ပုဇွန်တုတ်ကြီး၊ ကျောက်ပုဇွန်ကြီးတွေအပြင် ပင်လယ်စာမျိုးစုံကို ကြော်၊ကင်၊ပြုတ်၊ ဟော့ပေါ့များ လုပ်ပေးခိုင်းလို့ရတဲ့အပြင် အချိုရည် (သို့) ဘီယာတို့ဖြင့်လည်း တွဲဖက်စားသုံး နိုင်ပါတယ်။ ပင်လယ်စာတွေစားပြီးလို့ ဗိုက်တင်းသွားပြီဆိုရင်လည်း အချိုပွဲအနေနဲ့ ကိတ်မုန့်နဲ့ အသီးတွေလည်း သုံးဆောင်လို့ရပါသေးတယ်။ ဘူဖေးစားပြီးတဲ့ ပြေစာနဲ့လည်း Park Royal Hotel ထဲက Club 5 ထဲမှာ တီးဝိုင်းတွေရှိတဲ့နေ့ဆိုရင်လည်း သီချင်းလေးတွေနားထောင်ပြီး ဇိမ်ခံလို့ရပါသေးတယ်။ သွားမယ်၊ စားမယ်ဆိုတဲ့ အမျိုးတွေလက်လွတ်သွားမှာ ဆိုးလို့ခုပဲသွားစားကြ ရအောင်ပါ။ လောလောဆယ်မှာတော့ ဒီဇွန်လ 2017 လကုန်ထိပဲမို့အမြန်ဆုံးသွားရောက်ကာ စားသုံးကြရအောင်ပါ။