Asia BlossomAsia Blossom
Forgot password?

ပြည်ပနေရာဒေသဗဟုသုတများ

ပြည်ပနေရာဒေသဗဟုသုတများ

လမ်းပန်းဆက်သွယ်ရေးများ ၊လေကြောင်းဆက်သွယ်ရေးများနှင့် (14)ရက်ဗီဇာကင်းလွတ်ခွင့်ရရှိထားတဲ့နိုင်ငံ (7)နိုင်ငံအစရှိတဲ့ခရီးသွားလာဖို့ လွယ်ကူပြီး တိုးတက် ပြောင်းလဲလာတဲ့ခေတ်ကြီးထဲမှာ ဧည့်သည်တော်များအနေဖြင့် ခရီးသွားလာရာမှာလဲအရင်နှင့်မတူဘဲ လေယျာဉ်လက်မှတ်များ၊ ဟိုတယ်ဘိုကင်များယူရာတွင်မြန်ဆန် တိကျပြီး လက်မှတ်မရလို့ မသွားလိုက်ရတာမျိုး ဟိုတယ်အခန်းမရလို့ ခရီးစဉ်ဖျတ်လိုက်ရတာ မျိုးအစရှိတဲ့ အခက်အခဲများလဲ လျော့ပါးသွားဖြစ်တဲ့အတွက် ကမ္ဘာကြီးပေါ် မှာရှိတဲ့အလှတရားတွေကို ကိုယ်တိုင်သွားရောက်လေ့လာရင်း အမှတ်တရများစွာကို ဖန်တီးခြင်းဖြင့် လူကြီးမင်းတို့ရဲ့ အားလပ်ရက်၊ကလေးတွေ ကျောင်းပိတ်ရက် ၊Public Holidays၊ပွဲတော်ရက်များအစရှိတဲ့ပိတ်ရက်တွေမှာပင်ပန်းလာရင်ဖြစ်စေ၊စိတ်တွေရှုပ်ထွေးနေချိန်ဖြစ်စေပြန်လည်တွေးတောကြည့်လိုက်ရင်အင်မတန်လှပတဲ့အမှတ်တရ များ ကျန်ရစ်နေမှာအသေချာပါပဲ။ ခရီးသွားမယ်ဆိုရင်ခရီးသွားတို့ အနေဖြင့်မိမိတို့သွားမယ့် နေရာဒေသအကြောင်းအရာ ဓလေ့များနှင့်ဗဟုသုတများကို အရင်လေ့လာ ဖတ်ရှုထားခြင်းဖြင့် သွားလာတဲ့ခရီးမှာ တထောင့်တနေရာကနေ အဆင်ပြေလွယ်ကူစေနိုင်မှာဖြစ်ပါတယ်။ အကြောင်းကြောင့်ခရီးမသွားဖြစ်သေးတဲ့ ဧည့်သည်တော်များအနေဖြင့် ကိုယ်သွားချင်တဲ့နေရာရဲ့အကြောင်းအရာ ဗဟုသုတနှင့်ပွဲတော်များကိုလဲ လေ့လာဖတ်ရှုထားရင်း ဧည့်သည်တော်များအနေဖြင့်သွားတဲ့ခရီးစဉ်မှာ တစိတ်တဒေသအနေဖြင့် အထောက်ကူပြုနိုင်မှာဖြစ်ပါတယ်။ Asia Blossom Travels & Tours ရဲ့ Famous Palace on World Pageမှာ ဝင်ရောက်ကြည့်ရှုပြီး ကမ္ဘာပေါ်မှာရှိတဲ့နေရာအသီးသီးရဲ့ လှပတဲ့နေရာဒေသများ၊ ဗဟုသုတရှေးဟောင်းအမွေအနှစ်များ ၊ဘုရားကျောင်းများ၊ အစရှိတဲ့နေရာဒေသတွေရဲ့ သမိုင်းကြောင်းများကို လေ့လာမိသလောက်ပြုစုရေးသားပြီး ဧည့်သည်တော်များအတွက် ဖော်ပြရေးသားပေးလိုက်ပါတယ်။

ဘန်ကောက်

စင်ကာပူ

ကိုရီးယား

ဂျပန်

ဗီယက်နမ်

ကမ္ဘောဒီးယား

ဂျပန်

ဂျပန်နိုင်ငံကို သွားရောက်လည်ပတ်ဖို့ ပြင်ဆင်နေတဲ့ဧည့်သည်တော်များ၊ ဂျပန်နိုင်ငံရဲ့ အထင်ကရနေရာအကြောင်းများကို ဗဟုသုတအနေဖြင့် လေ့လာလိုသူများအတွက် ဂျပန်နိုင်ငံရဲ့ ရိုးရာများ၊ပွဲတော်များ၊ အထင်ကရနေရာဘုရားကျောင်းများ အစရှိတဲ့ ဂျပန်နိုင်ငံကို ကိုယ်တိုင်ရောက်သွားသလို ခံစားစေနိုင်အောင် ဂျပန်နိုင်ငံနဲ့ ပတ်သတ်တဲ့နေရာဒေသ ဗဟုသုတအကြောင်းအရာများကို ဧည့်သည်တော်များအတွက် Asia Blossom Travels & Tours မှ စုဆောင်းရရှိထားသမျှ လေ့လာမိသလောက်များကို ဖော်ပြရေးသား ပေးလိုက်ပါတယ်။

Himeji Castle

Himeji ခံတပ်သည် ဂျပန်နိုင်ငံ Himeji မြို့၏တောင်ကုန်းထိပ်တွင် တည်ရှိပါသည်။၎င်းခံတပ်ကို ဗျိုင်းဖြူခံတပ် (White Heron Castle-Shirasagijo) ဟုခေါ်တွင်ပါသည်။ ဂျပန်နိုင်ငံတွင် ကြီးကျယ်ခန်းနားဆုံး အဖြူရောင်ခံတပ်တခုဖြစ်ပြီး ၎င်းခံတပ်တွင်းရှိ အဆောက်အဦးများကို သေချာစွာထိန်းသိမ်းထားပါသည်။ထိုခံတပ်သည် ကမ္ဘာအမွေအနှစ်နှင့် နိုင်ငံတော် ၏ရတနာလည်းဖြစ်ပါသည်။ဂျပန်နိုင်ငံရှိ အခြားခံတပ်များကဲ့သို့ စစ်ပွဲများ မြေငလျင်လူပ်မူများ နှင့်မီးဘေးဒဏ်များကို မခံစားရပဲ ယနေ့တိုင်မူရင်းပုံစံအတိုင်း တည်ရှိနေသော ခံတပ် 12ခုအနက်မှ တခုဖြစ်ပါသည်။ထို ခံတပ်ကြီးကို နှစ်ပေါင်းများစွာ ဘက်စုံပြင်ဆင်မူများပြုလုပ်ပြီး 2015ခုနှစ် မှပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။ Himeji ခံတပ်သည် မြို့တော်ဟောင်းဖြစ်သော ကျိုတိုမြို့ကို အနောက်ဖက်မှချဉ်းကပ်သည့် ဗျူဟာမြောက်သောနေရာတွင် တည်ရှိနေပါသည်။14ရာစုနှစ်တွင် တည်ဆောက်ပြီးစီးသော ခံတပ်ကလေးများကိုနောင်ရာစုနှစ်များတွင် အုပ်ချုပ်သည့် မျိုးနွယ်စုများက တဖြည်းဖြည်းခြင်း ချဲ့ထွင်လာခြင်းဖြစ်သည်။ယခုတွေ့မြင်နေရသော အဆောက်အဦး 80ကျော် ၊ဘေလီတံတားများ ၊ဂိတ်ပေါက်များနှင့် ကွေ့ဝိုက်ဖောက်လုပ်ထားသည့်လမ်းများ သည်နှစ်ပေါင်း 400ကျော်ရှိပြီဖြစ်ပါသည်။ Himeji ခံတပ်သည် အရှေ့မှအနောက်သို့ 950-1600မီတာ ရှည်ပြီး မြောက်မှတောင်သို့ 900-1700မီတာ ရှည်လျားပြီး 152ပေမြင့်ပါသည်။ Himeji ခံတပ်ကြီးသည် အိုတီမိ လမ်းမကျယ်ကြီးမှ(0teme-dori Street)ပေါ်ရှိ Himeji ဘူတာမှ တစ်ကီလိုမီတာခန့်ဝေးပါသည်။ထိုခံတပ်ကြီးသို့ Himeji ဘူတာ မြောက်ဖက်ပေါက်မှ 15မိနစ် မိနစ်20ခန့် လမ်းလျှောက် သွားနိုင်ပါသည်။

Kyoto Imperial Palace

Kyoto imperial palace (Kyoto Gosho)သည် ၁၈၆၈ ခုနှစ် ကျိူတို မှတိုကျိူသို့ မရွှေ.ပြောင်းမှီအချိန်ထိ ဂျပန်တော်ဝင်မိသားစုနေထိုင်ရာဖြစ်ခဲ.ပါသည်။ သည်နန်းတော်ရာသည် ကျိူတိုမြို.လယ်ခေါ်င်ရှိကျယ်ဝန်းပြီး ဆွဲဆောင်မှုရှိသည်Kyoto Imperial Park (Kyoto Gyoen)ပန်းခြံတွင်းတည်ရှိပါသည်။ ၁၈၅၅ခုနှစ်မီးလောင်ပျက်စီး သွားသောနေရာတွင် ယခုလက်ရှိနန်းတော်ကိုတည်ဆောက်ထားခြင်းဖြစ်ပါသည်။ ထိုနန်းတော်ရာကို လေးဘက်လေး တန်တွင် အုတ်တံတိုင်းများဖြင့် ကာရံထားပြီးဘေးပေါက်များ ဟောခန်းများနှင့် ဦးယျာဉ်ပန်းခြံများ တည်ရှိပါသည်။ဧကရာဇ် ၊သိုင်သျှိူ၊ သျှိူဝါ၊(Emperors Taisho and Showa)တို.၏နန်းတက်ပွဲ အခမ်းနားများကို ယနေ့တိုင်နန်းတော်ကြီး၏ အဓိကခန်းမကြီးထဲတွင် ပြုလုပ်လေ့ရှိပါသည်။သို့သော် နန်းတက်ပွဲအခမ်းနားများကို တိုကျိူဧကရာဇ်နန်းတော်တွင် ယခုခေတ်တိုင်ပြုလုပ်ကြပါသည်။ ယခင်ကထိုနန်းတော်တွင်းသို.ဝင်ရောက်ကြည့်ရှုလိုပါက ကြိုတင်ခွင့်တောင်းခံရပြီးယခုအချိန်တွင် ထိုသို.တောင်ခံရန်မလိုတော့ပါ။ လည်ပတ်သူများနန်းတော်ရာ၏ပန်းခြံများနှင့် အဆောက်အုံများကိုလည်ပတ်ကြည့်ရှုနိင်ပါသည်။သို့သော်အဆောက်အုံတွင်းသို့ဝင်ရောက်ခွင့်မရှိပါ။Kyoto Imperial Palace သို့ကာရာဆူမမြေအောက်မီးရထား လမ်းနှင့်ကျိူတိုဘူတာ(TyotoStation ) မှသွားရောက်နိင်ပါသည်။ ကျိူတိုဘူတာ(KyotoStation)မှ မာရုတာမာချိစ်ဘူတာ(MurutamachiStation)သို့ (၇)မိနစ်ခန့်စီးနင်းရပြီးယန်း၂၆၀ကျပါသည်။ အီမာရီဂါ်ဝဘူတာ(ImadagawaStation)သို့ (၁၀)မိနှစ်ခန့်စီးနင်းရပြီး ယန်း၂၆၀ကျသင့်ပါသည်။ အီမာရီဂါဝဘူတာ(madagawa Station) ထက်မာရုတာမာချိစ်ဘူတာ (MurutamachiStation)က ပိုမိုနီးကပ်စွာတည်ရှိပါသည်။

Todai-Ji Temple

TodaiJiTemple သည်ဂျပန်နိင်ငံတွင်နာမည်ကြီးသော ဘုရားကျောင်းများထဲတွင်ပါဝင်သည်။ ဂျပန်ဘာသာဖြင့် ဒိုင်ဘုစု(daibutsu)ဟုခေါ်ပြီးကြီးမြတ်သော အရှေ့ဘုရားကျောင်း(great eatern temple)ဟုလဲအမည်တွင်ပါသည်။နာရ (Nara city)မြို့တော်၏ထင်ရှားသော အမှတ်သားတစ်ခုလဲဖြစ်ပါသည်။ ယူနက်စ်ကို (UNESCO)အဖွဲစည်းမှ ကမ္ဘာ့အမွှေနှစ် ဖြင့်သတ်မှတ်ထားသော နေရာဖြစ်သောကြောင့် နာရသို့လည်ပါတ်သူများ မဖြစ်မနေသွားသင့်သောနေရာလဲဖြစ်ပါသည်။ Todai-Ji Templeသည်ကမ္ဘာ့အကြီးဆုံးသစ်သားဖြင့် ဆောက်လုပ်ထားသော အဆောက်အအုံဖြစ်ပါသည်။ ၇၅၂ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီးအကြောင်းအမျိူးမျိူးကြောင့် ပျက်စီးသည်များကို ၁၆၉၂ခုနှစ်တွင်ပြန်လည်ပြုပြင်ဆောက်လုပ်ထားသော အရွှယ်အစားသည်မူလအရွှယ်၏ သုံးပုံနှစ်ပုံခန့်သာရှိပါသည်။ ထိုသစ်သားကျောင်ဆောင်ကြီး ထဲတွင်ကမ္ဘာ. အကြီးဆုံးကြေးနေ ဆင်းတုတော်ကြီးတည်ရှိပါသည်။ ထိုထိုင်လျှက်အနေထားရှိသော ဗုဒ္ဒဆင်းတုတော်ကီးသည် ၁၅မီတာမြင့်ပြီးတန်၅၀၀လေးပါသည်။ ထိုဆင်းတုတော်ကြီး၏ ဒူးတော်တွင်လူသွားနှင့်တကွ ပုလဲ၊ကြည့်မှန်၊ဓားများနှင့် အဖိုးတန်ရတနာများကို ရှာဖွေတွေ့ရှိပါသည်။ ထိုကျောင်းတော်နှင့် ဆင်းတုတော်ကိုတည်ဆောက်ခဲ့သည့် ဧကရာဇ်ဘုရင် လျှိူမှု (Emperor Shomu)၏ဋ္ဌာပနာများ ဖြစ်သည် ဟုယူဆရပါသည်။Todai-Ji Templeသည် နာရာမြို့၏မြောက်ဘက်တွင်ရှိသော ဥယျာဉ်ကြီး ထဲတွင် တည်ရှိပါသည်။ကင်သက်စုဘူတာ (kintetu Station)မှမိနစ် ၃၀ခန့်( သို့)ဂျေအာနာရဘူတာ(JR Nara Station)မှ၄၅ မိနစ်ခန့်လမ်းရှောက်သွားနိင်ပါသည်။ ထိုဘူတာများမှ Busကားဖြင့်လဲ သွားရောက်နိင်ပါသည်။

ကမ္ဘောဒီးယား

ကမ္ဘာ့ဂင်းနစ်စံချိန်ဝင်ထားတဲ့နိုင်ငံတွေထဲကနိုင်ငံတနိုင်ငံအပါဝင်ဖြစ်တဲ့ Cambodiaနိုင်ငံဟာဆိုရင် အခြားသောနိုင်ငံများနှင့်မတူဘဲ ဆွဲဆောင်ထားတဲ့အရာကတော့ ကမ္ဘာ့ရှေးဟောင်းသမိုင်းဝင် ဘုရားကျောင်းများစွာ စုဝေးရာနိုင်ငံတနိုင်ငံဖြစ်တာကြောင့် ကမ္ဘာလှည့်ခရီးသွားများအနေဖြင့် အင်မတန်မှ လေ့လာစရာဗဟုသုတများစွာ လည်းပေါများသလို၊ သမိုင်းဝင်ဘုရားကျောင်းကြီးများရဲ့ သမိုင်းကို ဖတ်ရှုခြင်းဖြင့် ရှေးခေတ်အနုပညာရှင်တွေရဲ့ ပန်းပုလက်ရာများ ၊ကျောင်းပုံစံဒီဇိုင်းများနှင့် ကမ္ဘောဒီးယားလူမျိုးတို့ရဲ့ယုံကြည်ကိုးကွယ်မူများအစသဖြင့် ဗဟုသုတများစွာကို ဧည့်သည်တော်များကိုယ်တိုင် မသွားရောက်နိုင်သေးတာတောင် ဗဟုသုတအနေနှင့် လေ့လာဖတ်ရှုလို့ရအောင် Asai Blossom Travels & Tours မှလေ့လာလို့ရသလောက်ကို စုစည်းဖောပြပေးလိုက်ပါသည်။

Kompong Kdei Bridge

ကမ္ဘောဒီးယားနိုင်ငံရှိ Kompong Kdei တံတားသည် ချီခရမ်မြစ် (Chi Kreng River)ကိုဖြတ်ပြီးတည်ဆောက် ထားပါသည်။ရေပြင်အထက် 10မီတာ မြင့်ပြီး 86မီတာရှည်ကာ16မီတာကျယ်ဝန်းပါသည်။ထိုတံတားကိုဂဝံ ကျောက်တုံးများဖြင့် ယူ(U)ဇောက် ထိုးပုံသဏ္ဏာန်ဆောက်လုပ်ထားပါသည်။ ယူု ဇောက်ထိုးပုံသဏန် 22ခုံးပါဝင်ပြီး တိုင်လုံး 20 ဖြင့်ထောက်ထား ပါသည်။အထူးသဖြင့် တံတားထိပ် တဖက်တချက်စီတွင် ထူးခြားစွာထုဆစ်ထားသော ခေါင်းကိုးလုံးပါနဂါးနှစ်ကောင်စီ ရှိပါသည်။ကမ္ဘောဒီးယားပြည်သူများက ထိုနဂါးသည် သူတို့၏ဘဝများနှင့်နိုင်ငံကိုချစ်ခင်ပြီး အကာအကွယ်ပေးသည် ဟုယုံကြည်သောကြောင့် ထိုနဂါးကို နတ်ဘုရား အဖြစ်ကိုးကွယ်ပါသည်။ Kompong Kdei တံတားသည် Angkor ခေတ်၏ထူးခြားသောအနုပညာလက်ရာတခုဖြစ်ပြီး နှစ်ပေါင်းတစ်ထောင်ကျော် မပျက်စီးပဲ တည်ရှိနေပါသည်။

Phimeanakas Temple

ကမ္ဘောဒီးယားနိုင်ငံရှိ Phimeanakas ဘုရားကျောင်းသည် ဂဝံကျောက်ဖြင့်တည်ဆောက်ထားသည့် အဆင့်သုံးဆင့်ရှိ လှေကားထစ်များ ပါသောပရစ်မစ်ပုံစံ ဟိန္ဒူဘုရားကျောင်းဖြစ်ပါသည်။ Phimeanakas ဆိုသည်မှာ ကောင်ကင်ဘုံရှိ နန်းတော်ဟု အဓိပါ္ပလ်ရပါသည်။ တော်ဝင်နန်းတော် ခလယ်ခေါင်တွင် တည်ဆောက်ထားသော ထိုဘုရားကျောင်းကို ဘုရင် Jayayaman VII က သူ၏ကိုယ်ပိုင်ဘုရားကျောင်းအဖြစ် သတ်မှတ်ထားပါသည်။ရွှေမျှော်စင် (Golden Tower) သည်ရှင်ဘုရင်နေ့ထိုင်သည့် နန်းတော်ဆောင်တွင်းတွင် တည်ရှိပြီး အရှေ့ဘက်သို့မျက်နှာမူပါသည်။ အဓိကဝင်ပေါက်သည် ခလယ်တံခါးပေါက်ပေါ်တွင် မျှော်စင်တစ်ခုတည်ရှိပြီးဘေးတဖက် တချက်တွင်ပိုမိုသေးငယ်သော တံခါးပေါက်တခုစီရှိပါသည်။ တံခါးလက်ကိုင်တွင် Angkor ဘုရင်ထံ 1011ခုနှစ်တွင်သစ္စာတော်ခံသည့် စာသားများကိုတွေ့ရှိရပါသည်။ Phimeanakas ၏အခြေသည် 35မီတာရှည်ပြီး 28မီတာကျယ်ပါသည်။ ပထမထပ်တွင် 30မီတာရှည်ပြီး 23မီတာကျယ်သောကြောင့် ပိရမစ်ပုံစံ ဖြစ်နေပါသည်။ အောက်ခြေမှ ကျောင်းတော်ထိပ်ထိ မတ်ဆောက်သောလှေကားများမှ တက်ရောက်နိုင်ပါသည်။ အောက်ခြေ ထောင့် 4 ထောင့်တွင် မျက်နှာစာလေးခုတွင် ခြင်္သေ့ရုပ်များရှိပါသည်။ အထပ်တိုင်း၏ထောင့်လေးထောင့်တွင် ကျောင်းဆောင်ကိုစောင့်ရှောက်သည့် ခြင်္သေ့ရုပ်များရှိပါသည်။ ထိုပိရမစ်ပုံစံ ကျောင်းဆောင်၏အပေါ်ဆုံးထပ်တွင် ပြခန်းများရှိပါသည်။ ဒဏ္ဏာရီများတွင် ဖော်ပြထားချက်အရ ရွှေမျှော်စင်တွင် ခမာ နိုင်ငံတော်၏ အရှင်သခင်အဖြစ်သတ်မှတ် ထားသော ခေါင်းကိုးလုံးပါသည် မြွေ၏ဝိညာဉ်နေထိုင်သည်ဟု ယူဆကြပြီး ညတိုင်းထိုဝိညာဉ်ကို အမျိုးသမီးပုံစံဖြင့် တွေ့မြင်ရသည်။ Jayayaman VII ကမျှော်စင်ထိပ်သို့ ညစဉ်တက်ပြီး ထိုဝိညာဉ်နှင့် အတူအိပ်ရပါသည်။အကယ်လို့ တညပျက်ကွက်ခဲ့လျှင် နိုင်ငံတော်သို့ ကြီးမာသောပျက်စီးဆုံးရူံးမူများ ကျရောက်နိုင်သည်ဟု ခမာများက ယုံကြည်ကြပါသည်။

Baphuon Temple

ကမ္ဘောဒီးယားနိုင်ငံရှိ Baphuon ဘုရားကျောင်းသည် Angkor Thom ရှိ Bayon ဘုရားကျောင်း၏ အနောက်မြောက်ဘက်တွင် တည်ရှိပါသည်။11ရာစုနှစ်တွင် ဥဒယဒစ်ယာယာမန် (Udayadityayamann II ) ကဟိန္ဒူနတ်ဘုရား ရှိဘ (Shiva) ကိုရည်စူးပြီး အထပ်3ထပ်ရှိနိုင်ငံတော်ဘုရားကျောင်းအဖြစ်တည်ဆောက်ခဲ့ပါသည်။ ထိုဘုရားကျောင်း သည် တော်ဝင်နန်းတော်၏ တောင်ဘက်ပေါက်နှင့် ဆက်သွယ်ထားပါသည်။ အရှေ့အနောက်မီတာ100 ကျောက်ဆောင်း၏အခြေသည် အရှေ့အနောက် 120 မီတာနှင့် တောင်မြောက် 100 မီတာရှည်ပြီး အမြင့်34မီတာ ရှိပါသည်။15ရာစုနှောင်းပိုင်းတွင် Baphuom ဘုရားကျောင်းကိုဗုဒ္ဓဘာသာ ကျောင်းတော်ဖြစ် ပြောင်းလဲခဲ့ပါသည်။9မီတာ မြင့်ပြီး 70မီတာ ရှည်သောလျောင်းတော်မူ ဗုဒ္ဓဆင်းတုတော်ကို ကျောင်းဆောင်၏ အနောက်ဘက် ဒုတိယထပ်တွင် တည်ထားခဲ့ပါသည်။ ထိုBaphuom ကျောင်းဆောင်သည် သဲဖို့ထားသောမြေပေါ်တွင်ဆောက်ထားပြီး ကြီးမားလှသော အရွယ်အစားကြောင့်သမိုင်းကြောင်းတလျှောက်မှာ ထိုနေရာသည် မတည်ငြိမ်ပါ။ ထို့ကြောင့်ထိုလျောင်းတော်မူ ဗုဒ္ဓဆင်းတုတော်ကို တည်ဆောက်သည့်အချိန်တွင် ကြီးမားသောအစိတ်အပိုင်းများသည် ပြိုပျက်နေပြီးဖြစ်ပါသည်။

Angkor Thom Temple

ကမ္ဘောဒီးယားနိုင်ငံရှိ Angkor Thom ဘုရားကျောင်း၏ တောင်ဘက်တံခါ်းပေါက်သည် ထိန်းသိမ်းမှုအကောင်းဆုံးအနေထားတွင်ရှိသည်။ ထိုတံခါးပေါက်ကိုအပြင်မှ လာလျှင် ကျူံးကိုဖြတ်ကျော်ထားသည့် မီတာ ၅၀ခန့်ရှည်သောမြေလမ်းဖြင့် ရောက်ရှိနိင်ပါသည်။ ထိုမြေလမ်းတစ်ဘက်စီတွင် ကျောက်ရုပ် ၅၄ခုစီတည်ရှိပါသည်။ ဘယ်ဘက်ခြမ်းတွင် ဒေ၀ (devas)ဟုခေါ်သောနတ်ကောင်းနတ်မြတ် ၅၄ရုပ်နှင့် ညာဘက်ခြမ်းတွင်အစုရ(asurs) နတ်ဆိုးရုပ်ထု၅၄ရုပ်ရှိပါသည်။ အလယ်ခေါင်တွင်ရှိသော မျှော်စင်ထိပ်တွင်အရှေ့နောက်တောင်မြောက် လေးမျက်နှာစလုံးတွင် မျက်နှာသုံးခုပါသည့် မျှော်စင်ငယ်များရှိပါသည်။ မျှော်စင်၏အောက်ခြေတွင် ဝင်ပေါက်၏ တစ်ဘက်တစ်ချက်စီတွင် ဆင်နှစ်ကောင်ရုပ်ထုများတည်ရှိပါသည်။ ထိုဆင်များပေါ်တွင်အိဒ္ဒြာ(indra)နတ်သားကသူကိုင်နေကျ မိုးကြိုးသွား(Vadra)ကိုင်ကိုင်လျှက် ထိုင်နေသည့် ပုံစံရှိပါသည်။ ဂိတ်ဝ၏ပုစံသည် အင်္ဂလိပ်အက္ခရာ(U) ကိုဇောက်ထိုးလုပ်ထားသကဲ့သို့ဖြစ်ပါသည်။

Bayon Temple

Bayon Temple သည် ကမ္ဘောဒီးယားနိုင်ငံ Ankor ရှိ အလှဆင်ထားသော လူသိများသည့် ခမာ ဘုရားကျောင်း တစ်ခုဖြစ်ပါသည်။ မဟာယန ဗုဒ္ဓဘာသာဝင် Jayayamann VII က12ရာစုနှောင်းပိုင်းနှင့် 13ရာစုစောစောပိုင်း တွင် နိုင်ငံတော်ဘုရားကျောင်းအဖြစ်တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ ဘုရင် Jayayaman VII ၏ မြို့တော် Angkor Thom ခလယ်တွင်တည်ရှိသည်။Jayayaman VII ကွယ်လွန်ပြီးနောက်ဆက်ခံသည့် ဟိန္ဒူနှင့် ထေရဝါဒဗုဒ္ဓဘာသာ ဝင်ရှင်ဘုရင်များက ၎င်းတို့နှစ်သက်ရာဘာသာ အတိုင်းပြောင်းလဲချဲ့ထွင်ခဲ့ပါသည်။ Bayon ကျောင်းတော်ကြီး၏ အထူးခြားဆုံး အဂါၤရပ်မှာ ၎င်း၏အထက်ပစ္စရံ များနှင့်မျှော်စင်များတွင် ပြုံးနေသော ကျောက်ဖြင့်ထုဆစ်ထားသော မျက်နှာများကိုတွေ့ရခြင်းဖြစ်ပါသည်။ထိုကျောင်းတော်ကြီးသည် သာမန်ရိုးကျမဟုတ်သော ဒဏ္ဏာရီဆန်သော အုတ်ခွက်ရုပ်များကြောင့်လည်းကျော်ကြားပါသည်။

Ta Phorm Temple

ကမ္ဘောဒီးယားနိုင်ငံ Siem Reap ခရိုင် Angkor မြို့ ရှိ ယနေ့ခေတ်အမည် Ta Phorm ဘုရားကျောင်းသည် 12ရာစုအကုန်13ရာစုစောစောပိုင်းတွင် Bayonစတိုလ် တည်ဆောက်ခဲ့သောဘုရားကျောင်းဖြစ်ပါသည်။မူရင်းအမည်မှာ Rajavihara ဖြစ်ပါသည်။Angkor Thom အရှေ့ဘက် တစ်ကီလိုမီတာနှင့် East Baray ၏တောင်ဘက်အစွန်းတွင် တည်ရှိပါသည်။ခမာဘုရင် Jayayamann VII ကမဟာယန ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းနှင့် ဗုဒ္ဓတက္ကသိုလ်အဖြစ် ထူထောင်ခဲ့ခြင်း ဖြစ်ပါသည်။Ta Phorm ဘုရားကျောင်းကိုမူလပုံစံမပျက် သစ်ပင်များဖုံးလွမ်းလျှက်တွေ့ရှိခဲ့ရခြင်း ဖြစ်ပါသည်။သစ်တောများအတွင်း တွေ့ရှိရသော ထိုဘုရားကျောင်းသည် ခရီးသွားများကြားအထူးရေပန်းစား နေပါသည်။ယူနက်စ်စကို က1992ခုနှစ်တွင် Ta Phormဘုရားကျောင်းကို ကမ္ဘာအမွေအနှစ်စာရင်းသွင်းခဲ့ပါသည်။ ယခုအခါတွင် ကမ္ဘောဒီးယားနိုင်ငံ Angkor ဒေသတွင် လည်ပါတ်သူအများဆုံးနေရာဖြစ်ပါသည်။