Asia BlossomAsia Blossom
Forgot password?

ပြည်ပခရီးစဉ်များ

ဘန်ကောက်ခရီးစဉ်

AsiaBlossomTravels&Toursမှ ဧည့်သည်တော်များအတွက် အိမ်နီးချင်းနိုင်ငံများထဲမှ မြန်မာနိုင်ငံနှင့် အနီးဆုံးနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်သို့ သွားရောက် လည်ပတ်ဖို့ ဖိတ်ခေါ်ပါရစေ။ ဘန်ကောက်မြို့တော် ဆိုတာနဲ့ နာမည်ကြီးကစားကွင်းများ ၊လှပတဲ့ကမ်းခြေများ။ Branded များ စုဝေးရာ ShoppingMallကြီးများ ၊ဈေးနှုးန်းသက်သာပြီး ပစ္စည်း မှန်ကန်တဲ့ ကုန်တိုက်ကြီးများ၊ ဖယောင်းပြတိုက်များ အစရှိတဲ့ လည်ပတ်စရာ စုံလင်လှတဲ့ မြို့တော်ကြီး ဆိုတာကို ဧည့်သည်တော်များ အနေဖြင့် သိရှိပြီးပြီလို့ ထင်ပါတယ်။ မကြာသေးမီကမှ ထိုင်းနိုင်ငံနှင့် အတူ အခြားအိမ်နီးချင်းနိုင်ငံ (6)နိုင်ငံကို (14)ရက် ဗီဇာကင်းလွတ်ခွင့်လဲ ရထားတာဆိုတော့ ဒီလို အခွင့်အရေးကို လက်လွတ်မခံဘဲ သွားရောက် လည်ပတ်ရအောင် ဧည့်သည်တော်များကို အကြံပြု ဖိတ်ခေါ်လိုက်ပါရစေ။ Asia Blossom Travels & Tours မှ ယခုလက်ရှိ ဝန်ဆောင်မှု ပေးနေတဲ့ Bangkok Tour Packages များကိုလည်း ဝင်ရောက်လေ့လာနိုင်ပါသည်။

စင်္ကာပူခရီးစဉ်

ခရီးစဉ် – ၂ညအိပ် ၃ရက် (အားလပ်ရက်ခရီးရှည်)

Day 01 : ရန်ကုန် – စင်ကာပူ (-/-/D)

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ည (00) နာရီတွင်စတင်ထွက်ခွာပါမည်။ လေယာဉ်ပေါ်တွင် ညစာသုံးဆောင်ကြပြီးနောက် စင်ကာပူနိုင်ငံရှိ ဟိုတယ်တွင်အနားယူအပန်းဖြေကြပါမည်။

ကိုရီးယားခရီးစဉ်

မြန်မာနိုင်ငံတွင်K-Pop and K-Drama Series တွေဟာဆိုရင်ယခုအချိန်အခါမှာအင်မတန်မှနေရာယူထားပြီ ဖြစ်တာကြောင့် ရုပ်ရှင်တွေထဲမှာ မြင်ဖူးနေရတဲ့ဂျယ်ဂျူကျွန်း၊F4 ကားထဲကမင်းသားနဲ့မင်းသမီးကော်ဖီ သွားသောက်တဲ့နမ်ဆန်တာဝါ (Namsan Tower)၊ ဆိုးလ်မြို့ရဲ့ နာမည်ကြီး Seafood Market ၊ ကိုရီးယား နန်းတွင်းရိုက်ကွင်းများ တည်ရာ ကိုရီးယားနန်းတော်နှင့် ကိုရီးယားမင်းသားမင်းသမီးတွေရဲ့ အားပါးတရ စားသုံးပြတဲ့ ကိုရီးယားရိုးရာအစားအစာတွေ အစရှိတဲ့ နေရာတွေဟာဆိုရင် အင်မတန်မှ ရင်းနှီးနေပြီဖြစ်တာမို့ တကယ့်လက်တွေ့မှာ သွားရောက်လေ့လာကာလည်ပတ်ဖို့အတွက် ဧည့်သည်တော်များကို ဖိတ်ခေါ်ပါရစေ။ Asia Blossom Travels & Toursမှ ဧည့်သည်တော်များကို တကယ့်လက်တွေ့မှာ ကိုရီးယားကားထဲကလို K-Popတယောက်လို ခံစားစေနိုင်ဖို့ အတွက် ကိုရီးယားခရီးစဉ်များကို ဧည့်သည်တောများကိုအထူးသက်သာသော ဈေးနှုန်းများနှင့် ရေးဆွဲထားသော Tourများရှိတာမို့ ဝင်ရောက်လေ့လာပြီး ဧည့်သည်တော်များ သွားရောက်လိုပါက စုံစမ်းမေးမြန်း ဘိုကင်တင်နိုင်ပါသည်။

ဂျပန်ခရီးစဉ်

ကမ္ဘာပေါ်တွင် လည်ပတ်စရာ အကောင်းဆုံး နိုင်ငံများထဲတွင် အပါအဝင် တခုဖြစ်တဲ့ ဂျပန်နိုင်ငံသို့ သွားရောက်လည်ပတ်ဖို့ အတွက် ဧည့်သည်တော်များကို မိတ်ဆက်ပေးပါရစေ။ ဂျပန်နိုင်ငံရဲ့ ပျော်ရွှှုင်စရာ gameများ ဆော့ကစားလို့ရတဲ့ Tokyo Disney Land and Tokyo Disney Sea ဟာဆိုရင် အင်မတန်မှ နာမည်ကြီး ကျော်ကြားလှကာ ကစားနည်းမျိုးစုံ ရှိတာကြောင့် လူကြီးကော လူငယ်ပါ ဂျပန်နိုင်ငံ ရောက်မယ်ဆို သွားလည်သင့်တဲ့ နေရာလေးဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ မြို့တော် အလှကို ခံစားနိုင်ဖို့အတွက်လည်း တိုကျိမျှော်စင်(Tokyo Tower) ကိုလဲ သွားရောက်ကာ ကြည့်ရှုခြင်းဖြင့် စိတ်လှုပ်ရှားမှုကို ခံစားစေရဦးမှာပါ။ ဂျပန်နိုင်ငံရဲ့ အခြားသော လည်ပတ်စရာ နေရာများထဲမှ ရေခဲများဖုံး လွှမ်းနေတဲ့ ဖူဂျီတောင်၊ ခေတ်အဆက်ဆက် သမိုင်းဝင် ဘုရားကျောင်းကြီးများ၊ ကမ္ဘာပေါ်တွင် အကြီးဆုံး ရုပ်ပွားတော်များစာရင်းတွင် ပါဝင်သော ဆုတောင်းပြည့် KAMAKURAရုပ်ပွားတော်၊ Brandedများစုဝေးရာ Ginza Shopping Mall၊ လေညှင်းခံလို့ အကောင်းဆုံးဖြစ်တဲ့ Odaibaမြစ်ကမ်းနံဘေး၊ အစရှိသဖြင့် လည်ပတ်စရာ မကုန်နိုင်အောင် များပြားလှတဲ့ ဂျပန်နိုင်ငံကို ဈေးနှုန်းသင့်တင့်ပြီး သွားလာလည်ပတ်လို့ကောင်းတဲ့ Tokyoမြို့သို့သွားရောက်ဖို့အတွက် ဧည့်သည်တော် များကို ဖိတ်ခေါ်ပါရစေ။

ဗီယက်နမ်ခရီးစဉ်

Asia Blossom Travels & Tours မှ ဧည့်သည်တော်များအတွက် ပြည်ပရှိ သွားလာလည်ပတ်စရာများပြားလှတဲ့ နိုင်ငံများထဲမှ ဗီယက်နမ် မြို့တော်သို့သွားရောက် လည်ပတ်ဖို့အတွက် မိတ်ဆက်ပေးပါရစေ။ ဗီယက်နမ်နိုင်ငံတွင် လည်ပတ်စရာများစွာ ရှိသည့်ထဲမှ ဟလောင်ဘေး (Halong Bay)၊ အီဂျစ်သဲကန္တာရလိုလှပတဲ့ Red San Dunes၊ ဗီယက်နမ် နိုင်ငံရဲ့လှပတဲ့ ကမ်းခြေဖြစ်တဲ့ မွေ့နဲ့(Mui Ne) ၊ဗန်သန်း (Ben Thanh Night Market) ၊ဟိုချီမင်းဗိမာန်တော်၊ ဟိုချီမင်းပြတိုက်နှင့် ပင်မတစ်တိုင်ထောက်ဘုရားတို့မှာ ကမ္ဘာလှည့် ခရီးသွားများကြားမှာ အင်မတန်နာမည်ကြီး ကျော်ကြားလှတဲ့ နေရာတွေ ဖြစ်တာမို့ ကုန်ကျစရိတ်သက်သာပြီး ဈေးနှုန်းသင့်တင့်သော ပြည်ပခရီးစဉ် ဖြစ်တဲ့ ဗီယက်နမ်နိုင်ငံကို သွားဖို့အတွက် ဖိတ်ခေါ်ပါရစေ။ ဗီယက်နိုင်ငံရဲ့လေ့လာလည်ပတ်စရာတွေကို သွားရောက်ဖို့အတွက် Asia Blossom Travels & Tours မှ ရေးဆွဲထားသော ခရီးစဉ်များကို လေ့လာပြီး ဆက်သွယ်စုံစမ်းချိတ်ဆက်ကာ သွားရောက် လေ့လာလည်ပတ်ရန် အတွက် လူကြီးမင်းတို့ကိုဖိတ်ခေါ်လိုက်ပါရစေ။

ကမ္ဘောဒီးယားခရီးစဉ်

ခရီးစဉ် – ၃ညအိပ် ၄ရက် (အားလပ်ရက်ခရီးရှည်)
Day 01 : ရန်ကုန် – Siem Reap (B/L/D)

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ Siem Reap သို့ မနက် (00) နာရီတွင် Tour Leader နှင့်အတူလူကြီးမင်းတို့၏ပျော်ရွှင်ဖွယ်ရာ ကမ္ဘောဒီးယားခရီးစဉ်ကို စတင်ပါမည်။ မနက်စာကိုလေယာဉ်ပေါ်တွင်သုံးဆောင်ပြီးနောက် (00) နာရီတွင် ကမ္ဘောဒီးယား အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ပါမည်။ ကမ္ဘောဒီးယား အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ရောက်သောအခါ ဧည့်လမ်းညွှန်နှင့်အတူ တည်းခိုမည့်ဟိုတယ်သို့ပို့ဆောင်ပါမည်။ ထို့နောက်နေ့လည်စာကို စားသောက်ဆိုင်တွင်သုံးဆောင် ကြပြီးနောက် Phnom Krom ရှိ အကြီးဆုံး ကုန်းမြင့်ပေါ်တွင်ရှိပြီး အရှေ့တောင်အာရှတွင် အကြီးဆုံးကန်ဖြစ်သော Tonle Sap Lake သို့သွားရောက်လည်ပတ်ပါမည်။ ရိုးရာဓလေ့ထုံးတမ်းစဉ်လာအတိုင်း ရေပေါ်တွင် ဆောက်လုပ်ထားသည့် ဝါးအိမ်များ၊ ကျောင်းများ၊ ကာရာအိုကေဘားများ နှင့်ကမ္ဘောဒီယားလူမျိုးများ၏ နေ့စဉ်နေထိုင်၊ လှုပ်ရှားမှုများကိုလည်းတွေ့မြင်ရပါမည်။ ညစာကို စားသောက်ဆိုင်တွင်သုံးဆောင်ကြပြီးနောက် ဟိုတယ်သို့ပြန်ကာ အနားယူအပန်းဖြေကြပါမည်။

ပြည်ပနေရာဒေသဗဟုသုတများ

လမ်းပန်းဆက်သွယ်ရေးများ ၊လေကြောင်းဆက်သွယ်ရေးများနှင့် (14)ရက်ဗီဇာကင်းလွတ်ခွင့်ရရှိထားတဲ့နိုင်ငံ (7)နိုင်ငံအစရှိတဲ့ခရီးသွားလာဖို့ လွယ်ကူပြီး တိုးတက် ပြောင်းလဲလာတဲ့ခေတ်ကြီးထဲမှာ ဧည့်သည်တော်များအနေဖြင့် ခရီးသွားလာရာမှာလဲအရင်နှင့်မတူဘဲ လေယျာဉ်လက်မှတ်များ၊ ဟိုတယ်ဘိုကင်များယူရာတွင်မြန်ဆန် တိကျပြီး လက်မှတ်မရလို့ မသွားလိုက်ရတာမျိုး ဟိုတယ်အခန်းမရလို့ ခရီးစဉ်ဖျတ်လိုက်ရတာ မျိုးအစရှိတဲ့ အခက်အခဲများလဲ လျော့ပါးသွားဖြစ်တဲ့အတွက် ကမ္ဘာကြီးပေါ် မှာရှိတဲ့အလှတရားတွေကို ကိုယ်တိုင်သွားရောက်လေ့လာရင်း အမှတ်တရများစွာကို ဖန်တီးခြင်းဖြင့် လူကြီးမင်းတို့ရဲ့ အားလပ်ရက်၊ကလေးတွေ ကျောင်းပိတ်ရက် ၊Public Holidays၊ပွဲတော်ရက်များအစရှိတဲ့ပိတ်ရက်တွေမှာပင်ပန်းလာရင်ဖြစ်စေ၊စိတ်တွေရှုပ်ထွေးနေချိန်ဖြစ်စေပြန်လည်တွေးတောကြည့်လိုက်ရင်အင်မတန်လှပတဲ့အမှတ်တရ များ ကျန်ရစ်နေမှာအသေချာပါပဲ။ ခရီးသွားမယ်ဆိုရင်ခရီးသွားတို့ အနေဖြင့်မိမိတို့သွားမယ့် နေရာဒေသအကြောင်းအရာ ဓလေ့များနှင့်ဗဟုသုတများကို အရင်လေ့လာ ဖတ်ရှုထားခြင်းဖြင့် သွားလာတဲ့ခရီးမှာ တထောင့်တနေရာကနေ အဆင်ပြေလွယ်ကူစေနိုင်မှာဖြစ်ပါတယ်။