Asia BlossomAsia Blossom
Forgot password?

ပြည်တွင်းခရီးစဉ်များ

နေ့ချင်းပြန်ခရီးစဉ်များ

Asia Blossom Travels & Tours မှရာသီအလိုက် ခရီးစဉ်အသစ်များကို ပြေးဆွဲနေပြီဖြစ်တာမို့လို့ ဧည့်သည်တော်များအနေဖြင့် ရုံးပိတ်ရက် ကလေးတွေကျောင်းပိတ်ရက်တွေမှာ အချိန်အများကြီးမပေးနိုင်ဘဲ နေ့ချင်းပြန်သွားရောက်လို့လဲရပြီး နေရာဒေသအလှအပများကိုလဲ တဝကြီးခံစားလို့ရစေမယ့် ခရီးစဉ်ကောင်းလေးတွေ သွားဖို့အတွက် ဖိတ်ခေါ်ပါရစေ။ ယခုလက်ရှိပြေးဆွဲနေသော ခရီးစဉ်များကိုလဲ ဝင်ရောက်လေ့လာနိုင်ပါတယ်။

အားလပ်ရက်ခရီးရှည်များ

ပိတ်ရက် အားလပ်ရက်တွေမှာ ပျော်ပျော်ပါးပါးမိသားစုနဲ့အတူ ခရီးသွားဖို့အတွက် Asia Blossom Travels & Tours မှစီစဉ်ရေးဆွဲထားတဲ့ခရီးစဉ်များရှိတာမို့ ဧည့်သည်တော်များအနေဖြင့် လေ့လာကြည့်ရှုပြီး သွားရောက်ချင်တဲ့ခရီးစဉ်ကို အခုပဲဆက်သွယ်ပြီး ဘိုကင်တင်လို့ရပါပြီ။

ပွဲတော်ရက်ခရီးစဉ်များ

မြန်မာနိုင်ငံတွင် ဥတုရာသီသုံးမျိုးရှိသလို ရာသီအလိုက် သွားလာရတဲ့ခရီးစဉ်များလဲရှိတာမို့ ဧည့်သည်တော်များအတွက် ရာသီအလိုက် သွားရောက်နိုင်တဲ့ ခရီးစဉ်များနဲ့ ဘုရားပွဲတော်ခရီးစဉ်များသို့ သွားရောက် လည်ပတ်နိုင်ဖို့အတွက် ရေးဆွဲဖော်ပြပေးလိုက်ပါတယ်။

နေရာဒေသအကြောင်းအရာဗဟုသုတများ

မန္တလေးမြို့

မန္တလေးမြိူ့တော်သည်လွန်ခဲ့သောနှစ်ပေါင်းတစ်ရာကျော်က တည်ထားခဲ့သောမင်းနန်းဆိုက်ရာမြို့တော်ဖြစ်သည်။ ရေလမ်း၊ကုန်းလမ်း ၊လေကြောင်းလမ်းများမှအလွယ်တကူရောက်ရှိနိုင်သည်။ မန္တလေးမြို့တွင်မဟာမြတ်မုနိဘုရားကြီး၊ မန္တလေးတောင်၊ရန်ကင်းတောင်၊ စွယ်တော်မြတ်စေတီ်တော၊်ကျောက်စိမ်းဘုရား ၊မန္တလေးဈေးချိုအပြင်လည်ပါတ်စရာနေရာအများအပြားရှိပါသည်။ တည်ခိုးနားနေရန်ဟိုတယ်ကြီးများနှင့်ဈေးသက်သာသောတည်းခိုခန်းများလည်းရှိသောကြောင့် ဘုရားဖူးများအလည်ပါတ်သွားသူများအတွက် အလွန်အဆင်ပြေပါသည်။ မန္တလေးမြို့မှတဆင့်အင်းဝ၊မင်းကွန်း၊ စကိုင်းမြို့များသို့်သွားရောက်လည်ပတ်လေ့လာနိုင်ပါသည်။ အင်းဝ၊မင်းကွန်း ၊စစ်ကိုင်းမြို့သည်မန္တလေးမှစစ်ကိုင်းသို့သွားသည့်လမ်းပေါ်တွင်တည်ရှိပြီး ရှေးမင်းနေပြည်တော်ဖြစ်ခဲ့ပါသည်။ရှေးဟောင်းနန်းတော်အုတ်ရိုးများနန်းမတော်မယ်နုအုတ်ကျောင်း၊ နန်းတော်အုတ်ရို၊အင်းဝမျှော်စင်မဟာအောင်မြေဘုံစံကျောင်းတော်နှင့် ရိုးရာသပိတ်လုပ်ငန်းလုပ်ကိုင်ရာနေရာများသို့မြင်းလှည်းစီးပြီးလည်ပါတ်နိုင်ပါသည်။ ဆက်လက်ပြီးစစ်ကိုင်းသို့သွားရာလမ်းတွင် မင်းကွန်းပုထိုးတော်ကြီးကိုဝင်ရောက်ဖူးမျှော်နိုင်ပါသည်။ စစ်ကိုင်းတောင်ရိုးတွင်ကောင်းမူတော်စေတီ၊ ဆွမ်းဦးပုညရှင်စေတီတော်၊ ဘုန်းကြီးကျောင်းများ၊မယ်သီလရှင်ကျောင်းများတည်ရှိရာစစ်ကိုင်းချောင် တို့ကိုသွားရောက်လည်ပတ်နိုင်ပါသည်။