Asia BlossomAsia Blossom
Forgot password?

ပို့ဆောင်ရေးယာဉ်လိုင်းများ

ကားစီးလုံးငှားဝန်ဆောင်မှု

Asia Blossom Travels & Tours မှ မြန်နိုင်ငံအတွင်းရှိ မြို့တော်များဖြစ်တဲ့ ရန်ကုန်၊မန္တလေး၊ပြင်ဦးလွင်၊ ပုဂံ၊အင်းလေး၊ တောင်ကြီး၊ နေပြည်တော်၊ချောင်းသာ၊ ငွေဆောင်၊ငပလီအစရှိတဲ့ မြို့ကြီးများနှင့် အခြားသောမြို့များကို သီးသန့်ခရီးစဉ်များ အတွက် အမျိုးအစားစုံလင်သော ကားစီးလုံးများကို လူကြီးမင်းတို့စိတ်တိုင်းကျစီစဉ်ဆောင်ရွက် ငှားရမ်းပေးပါသည်။ ကျွမ်းကျင်သော ကားဒရိုင်ဘာများနှင့် ချိတ်ဆက်ထားသောကြောင့် ယုံကြည်စိတ်ချစွာနှင့် လူကြီးမင်းတို့ စိတ်တိုင်းကျကြို/ပို့ ၊နေ့တဝက် ၊တရက်၊ လပေး စသဖြင့် ကားများကို စီစဉ်ဆောင်ရွက်ပေးနေပါသည်။ ကားအမျိုးအစား စုံလင်စွာရှိတာမို့လူကြီးမင်းတို့ရဲ့ခရီးစဉ်များကို ယုံကြည့်စိတ်ချစွာ Asia Blossom Travles & Tours နှင့်ချိတ်ဆက်ပြီး ဆက်သွယ်စုံစမ်း ငှားရမ်းနိုင်ပါသည်။

အဝေးပြေးဘတ်စ်ကားလက်မှတ်ဝန်ဆောင်မှု

Asia Blossom Travels & Tours မှမြန်မာနိုင်ငံအတွင်း နေပြည်တော်၊ တောင်ကြီး၊ အင်းလေး၊ ပုသိမ်၊ ချောင်းသာ၊ ငွေဆောင်၊ ပုဂံ၊ ပြင်ဦးလွင်၊ မန္တလေး အစရှိသည့် နေရာဒေသအသီးသီးသို့သွားရောက်သော အဝေးပြေးဘတ်(စ်)ကား လက်မှတ်များ စီစဉ်ပေးသည့်အပြင် အိမ်တိုင်ရာရောက်လည်း လက်မှတ်များကိုပို့ဆောင်ပေးနေပါသည်။ ဘတ်(စ်)ကားလက်မှတ်များလွယ်ကူလျင်မြန်ဆန်စွာ ရရှိစေရန်စီစဉ်ဆောင်ရွက်ပေးနေပါသည်။

ရထားလက်မှတ်ဝန်ဆောင်မှု

Asia Blossom Travels & Tours မှမြန်မာနိုင်ငံအတွင်း နေပြည်တော်၊ တောင်ကြီး၊ အင်းလေး၊ ပုဂံ၊ မန္တလေး အစရှိသည့် နေရာဒေသအသီးသီးသို့သွားရောက်သော ရထားလက်မှတ်များ စီစဉ်ပေးသည့်အပြင် အိမ်တိုင်ရာရောက်လည်း လက်မှတ်များကိုပို့ဆောင်ပေးနေပါသည်။ ဝန်ဆောင်မှုစရိတ် အနေဖြင့် လက်မှတ်တစ်စောင်အတွက် 10000 ကျပ်နှင့် လက်မှတ်နှစ်စောင်နှင့်အထက်ကို တစ်စောင်လျှင် 5000 ကျပ်စီ ကောက်ခံပါသည်။ ရထားလက်မှတ်များ လွယ်ကူ လျင်မြန်ဆန်စွာ ရရှိစေရန်စီစဉ်ဆောင်ရွက်ပေးနေပါသည်။