Asia BlossomAsia Blossom
Forgot password?

နေရာဒေသအကြောင်းအရာဗဟုသုတများ

နေရာဒေသအကြောင်းအရာ ဗဟုသုတများ

မန္တလေးမြို့

မန္တလေးမြိူ့တော်သည်လွန်ခဲ့သောနှစ်ပေါင်းတစ်ရာကျော်က တည်ထားခဲ့သောမင်းနန်းဆိုက်ရာမြို့တော်ဖြစ်သည်။ ရေလမ်း၊ကုန်းလမ်း ၊လေကြောင်းလမ်းများမှအလွယ်တကူရောက်ရှိနိုင်သည်။ မန္တလေးမြို့တွင်မဟာမြတ်မုနိဘုရားကြီး၊ မန္တလေးတောင်၊ရန်ကင်းတောင်၊ စွယ်တော်မြတ်စေတီတောင် ၊ကျောက်စိမ်းဘုရား ၊မန္တလေးဈေးချိုအပြင်လည်ပါတ်စရာနေရာအများအပြားရှိပါသည်။ တည်ခိုးနားနေရန်ဟိုတယ်ကြီးများနှင့်ဈေးသက်သာသောတည်းခိုခန်းများလည်းရှိသောကြောင့် ဘုရားဖူးများအလည်ပါတ်သွားသူများအတွက် အလွန်အဆင်ပြေပါသည်။ မန္တလေးမြို့မှတဆင့်အင်းဝ၊မင်းကွန်း၊ စကိုင်းမြို့များသို့်သွားရောက်လည်ပတ်လေ့လာနိုင်ပါသည်။ အင်းဝ၊မင်းကွန်း ၊စစ်ကိုင်းမြို့သည်မန္တလေးမှစစ်ကိုင်းသို့သွားသည့်လမ်းပေါ်တွင်တည်ရှိပြီး ရှေးမင်းနေပြည်တော်ဖြစ်ခဲ့ပါသည်။ရှေးဟောင်းနန်းတော်အုတ်ရိုးများနန်းမတော်မယ်နုအုတ်ကျောင်း၊ နန်းတော်အုတ်ရို၊အင်းဝမျှော်စင်မဟာအောင်မြေဘုံစံကျောင်းတော်နှင့် ရိုးရာသပိတ်လုပ်ငန်းလုပ်ကိုင်ရာနေရာများသို့မြင်းလှည်းစီးပြီးလည်ပါတ်နိုင်ပါသည်။ ဆက်လက်ပြီးစစ်ကိုင်းသို့သွားရာလမ်းတွင် မင်းကွန်းပုထိုးတော်ကြီးကိုဝင်ရောက်ဖူးမျှော်နိုင်ပါသည်။ စစ်ကိုင်းတောင်ရိုးတွင်ကောင်းမူတော်စေတီ၊ ဆွမ်းဦးပုညရှင်စေတီတော်၊ ဘုန်းကြီးကျောင်းများ၊မယ်သီလရှင်ကျောင်းများတည်ရှိရာစစ်ကိုင်းချောင် တို့ကိုသွားရောက်လည်ပတ်နိုင်ပါသည်။

ပြင်ဦးလွင်မြို့

ပြင်ဦးလွင်မြို့သည် တောင်ပေါ် အပန်းဖြေမြို့တော်အဖြစ် ထင်ရှား သည့် အလျောက် နှစ်စဉ်ကျင်းပပြုလုပ်ပြသမြဲဖြစ်သော ကန်တော်ကြီးအမျိုးသားဥယျာဉ် အတွင်းရှိ ပန်းပွဲတော် ကိုလည်းပြည်တွင်းဧည့်ပရိသတ်များသာမကနိုင်ငံခြားသားခရီးသည်များကလည်းစိတ်ဝင်စားလာရောက်ကြသည်။ ထို့အပြင်တန်ခိုးကြီးမားလှသည့် မဟာအံ့ထူးကံသာဘုရားသို့လည်း သွားရောက်ဖူးမျှော်နိုင်ပါသည်။ ပြင်ဦးလွင်ဆိုရင်ဖြင့်တွဲလျှက်မြင်မိကြမယ့်နာမည်ကြီးရေပြာအိုင် ၊ပွဲကောက်၊ ဒတ်တော်ချိုင့်နှင့်ပိတ်ချင်းမြောင်အစရှိတဲ့ရေတံခွန်များသို့လဲ သွားရောက်လည်ပတ်နိုင်ပါသည်။ ပြင်ဦးလွင်တွင်အစားအသားလဲကောင်းပြီး အေးချမ်းလှစွာအနားယူနိုင်ကာစိုက်ခင်းတွေကိုပါ လေ့လာနိုင်မယ့်ဒီဇင်ဘာခြံစားသောက်ဆိုင်တွင် ဝင်ရောက်အနားယူနိုင်ပါသည်။

အင်းဝမြို့

နန်းမတော်မယ်နုအုတ်ကျောင်းဆိုတာနဲ့ အင်းဝမြို့ဆိုတာကို တန်းသိမယ်ထင်ပါတယ်။ အင်းဝမြို့မှာဆိုရင်ရှေးဟောင်းသမိုင်းဝင်ဘုရားများနဲ့ တည်ရှိနေတာကို တွေ့နိုင်ပါသည်။ အင်းဝမြို့မှာ မြင်းလှည်းကလေးစီးပြီး တန်ခိုးကြီးဘုရားများကို လိုက်လံဖူးမျှော်ရတာလည်း စိတ်ချမ်းမြေ့စရာ ကောင်းလှပါတယ်။ အင်းဝမြို့ရဲ့ တန်ခိုးကြီးဘုရားများဖြစ်တဲ့ မဟာအောင်မြေဘုံစံကျောင်း၊ နန်းမတော်မယ်နုအုတ်ကျောင်း တို့ကို သွားရောက်လည်ပတ်ကြပါမယ်။ အင်းဝမြို့ကိုသွားရောက် လည်ပတ်သင့်တဲ့ အချိန်တွေကတော့ နွေရာသီတွေမှာတော့ အရမ်းပူလို့ မိုးဦးကျနဲ့ ဆောင်းရာသီတွေမှာသွားရောက်လည်ပတ်ကြစေချင်ပါတယ်။

ပုဂံမြို့

ပထမမြန်မာနိုင်ငံတည်ထောင်ခဲ့သော အနော်ရထာမင်းတရားကြီးသည် သထုံပြည်မှရှင်အရဟံကို တော်မြတ်ကိုပင့်ဆောင်ပြီးမင်းနေပြည်တော်ပုဂံမြို့တော်မှ နေရဗုဒ္ဓဘာသာတရားတော်ကိုတနိုင်ငံလုံးသို့ပျံ့နှံ့စေရန်ဆောင်ရွက်ခဲ့ပါသည်။ ထိုအချိန်မှစပြီးပုဂံတွင်စေတီပုထိုးများစွာကို တည်ထားကိုးကွယ်ခဲ့ပါသည်။

ပုဂံတွင် ကြီးလေးကြီးဟုသတ်မှတ်ရသောစေတီတော်ကြီးများမှာ

တန်းခိုးနှင့်နာမည်ကျော်ကြားသောရွှေစည်းခုံစေတီတော်
ထုထည်တွင်ကြီးမားသောဓမ္မံရံကြီး
ညဏ်တော်အမြင့်တွင် မြင့်မှားသောသဗ္ဗေညုဘုရား
အနုပညာလက်ရာအနုစိပ်သောအနန္ဒာဘုရားတို့ဖြစ်ပါတယ်။

ပုဂံတွင် လှည်းဝင်ရိုးသံတညံညံ ပုဂံဘုရားပေါင်းဆိုသကဲ့သိုဘုရားပေါင်းသန်းချီရှိခဲ့ဖူးပါသည်။ ယခုအခါတွင် နန်းမြင့်မျှော်စင်၊ ယွန်းထည်ပစ္စည်းများပြတိုက် ၊ရှေ့ဟောင်းယဉ်ကျေးမူပြတိုက် စသည့်လည်ပါတ်စရာနေရာများစွာလည်းရှိပါသည်။ ထို့အပြင်ယခုအခါတွင် မိုးပျံပူပေါင်း(Balloons)များစီးပြီးလဲ ပုဂံမြို့ကြီးရဲ့အလှအပကို တဝကြီးကြည့်ရှုခံစားလို့ရပါတယ်။ ပုဂံမြို့ကြီးရဲ့အလှအပကို ပန်းချီကားတချပ်ကဲ့သို့ လှပတင့်တယ်စေတဲ့ညနေခင်း နေဝင်ဆည်းဆာအချိန်ကိုပြသာဒ်ကြီးဘုရားနှင့် ရွှေဆံတော်ဘုရားတို့မှကြည့်ရှုခံစားနိုင်ပြီး ဧရာဝတီမြစ်ကြီးရဲ့အလှအပကိုတော့ဗူးဘုရားမှ တဆင့်ကြည့်ရှုခံစားနိုင်ပါတယ်။

နေပြည်တော်မြို့

မြန်မာအစိုးရမင်းများရုံးစိုက်ရာနေပြည်တော်တွင် လွှတ်တော်အဆောက်အဦးများ၊ ဝန်ကြီးဌာနရုံးများတည်ရှိပါသည်။ လာရောက်လည်ပါတ်သူများတည်းခိုနိုင်ရန် ဟိုတယ်ဇုံ နှင့်စရိတ်မျှတသည့်တည်ခိုးခန်းများလည်း တည်ရှိပါသည်။ နေပြည်တော်ရှိဥပန္တီစေတီတော်၊ Safariပန်းခြံ၊ရေပန်းဥယာဉ်နှင့် သတ္တဌာနေစသည့်လည်ပတ်စရာနေရာပေါင်းများစွာရှိပါသည်။

အင်းလေးမြို့

ရှမ်းပြည်နယ်ညောင်ရွှေမြို့အနီးရှိအင်းလေးကန်သည်ပြည်တွင်းခရီးသည်များလည်ပါတ်ရန်နာမည်ကြီးနေရာတခုဖြစ်ပါသည်။အင်းလေးကန်တွင်စက်လှေများဖြင့်ကန်တွင်းရှိဖောင်တော်ဦးဘုရား၊
အလိုတော်ပေါက်ဘုရား၊ငါးဖယ်ချောင်း(ကြောင်ခုန်ကျောင်း)၊အင်းဖောကုန်းရွာ၊အင်းတိမ်စသည့်နေရာများသို့သွားရောက်လည်ပါတ်နိုင်ပါသည်။ညောင်ရွှေမြို့တော်တွင်ဟိုတယ်နှင့်ဈေးသက်သာသောတည်ခိုခန်းများရှိသဖြင့်ခရီးသွားများအတွက်နားနေရန်အဆင်ပြေပါသည်။ အင်းလေးမြို့မှာရှိတဲ့ ဖော်တော်ဦးဘုရားသည် ရှမ်းပြည်နယ်တောင်ပိုင်းတွင် တည်ရှိပါသည်။ ညောင်ရွှေမှစက်လှေဖြင့် ဖောင်တော်ဦးသို့ 45မိနစ်ခန့် ကြာမြင့်ပါသည်။ ဖောင်တော်ဦးဘုရားသည် ဘုရင်အလောင်းစည်သူမင်းလက်ထက်တွင် တည်ထားခဲ့သောဘုရားဖြစ်သည်။ ဖောင်တော်ဦးဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း အောက်တိုဘာလတွင်ကျင်းပပါသည်။ 1960 အလယ်ပိုင်းလောက်ထိ ညောင်ရွှေ ဟော်နန်းကျောင်းကိုနှစ်စဉ်ရှောင်ကွင်းခဲ့ပြီး ယခုတွင်မူ ပွဲတော်ချိန်တိုင်းတွင် ညောင်ရွှေဟော်နန်းကျောင်းတော် သို့ဝင်ပါသည်။သို့သော် ဘုရားငါးဆူအနက် တဆူမှာမူ ဖောင်တော်ဦးကျောင်တော်တွင်ပင်ကျန်ရှိခဲ့ပါသည်။ ရှေးအခါက ဘုရင် ကိုယ်တိုင် ဘုရားငါးဆူကို အင်းလေးကန်တွင်းရှိ ရွာများသို့ ပင့်ဆောင်စဉ် မိုးသက်လေပြင်း ကျရောက်ခဲ့ပြီး ပင့်ဆောင်တော်မူလာသည့် လှေကြီးနှင့် ဘုရားငါးဆူ မှာနှစ်မြုပ်သွားခဲ့ပါသည်။လှေကြီးနှစ်မြုပ်ပီး ဘုရားလေးဆူကို ပြန်လည်တွေ့ရှိပြီး ကျန်တဆူမှာမူ ဘယ်လိုပင်ရှာစေကာမူမတွေတော့ချေ။ ရှာဖွေမူများရပ်နားသည့်နေ့တွင် ထိုပျောက်ဆုံးသွားသော ဘုရားတစ်ဆူမှာ ကျောင်းတော်သို့ သူ့အလိုလိုပြန်လည်ရောက်ရှိနေကြောင်းတွေ့ရပါသည်။ ထို့ကြောင့်နှစ်စဉ်နှစ်တိုင်း ဖောင်တော်ဦးကြွချိန်တွင် ယင်းတဆူကို ကျောင်တော်တွင်သာ ထားရှိခဲ့ရပါသည်။ ယခုအခါတွင် ဖောင်တော်ဦးဘုရားသို့ မြန်မာနိုင်ငံအတွင်းရှိ လူမျိုးများသာမက ကမ္ဘာလူမျိုးအသီးသီးကပါ လာရောက် လေ့လာဖူးမျှော်ကြ ပါသည်။

ကလောမြို့

ကလောမြို့သည် ကိုလိုနီခေတ်အစိုးရမင်းများနွေရာသီအပန်းဖြေမြို့ဖြစ်သောကြောင့် ကိုလိုနီခေတ်စတိုင်လ်တိုက်အိမ်ကလေးများပန်းခြံများ ထင်းရူးပင်ကြီးများဖြင့်အလွန်သာယာသောလည်ပတ်စရာနေရာတခုဖြစ်ပါသည်။ မြင်းမထိဂူ ၊ပင်းတယလိုင်ဂူ ၊ကုံလုံဆရာတော်ကျောင်း ၊ရေပြာအိုင် စသောနေရာများသည် ကလောမြို့နှင့်မိုင် အနည်းငယ် ခန့်သာကွာဝေးသော နေရာတွင် တည်ရှိပါသည်။ ကလောမြို့တွင် ဟိုတယ်များနှင့်ဈေးသက်သာသောတည်းခိုခန်းများရှိသဖြင့် ခရီးသွားများအတွက်နားနေရန် အဆင်ပြေပါသည်။ ကလောရွာများသို့လည်းခြေလျှင်ခရီး(Trekking)ဖြင့် သွားရောက်လည်ပတ်ကာသွားရာ လမ်းတလျှောက်ရှိကလောရှုခင်းများနှင့် ရာသီသီးနှံစိုက်ခင်း များကိုလည်း လေ့လာကြည့်ရှုနိုင်ပါသည်။

တောင်ကြီးမြို့

တောင်ကြီးမြို့သည် ပင်လယ်ရေမျက်နှာအပြင်အထက် လေးထောင်ကျော်တွင်တည်ရှိသောကြောင့် နွေရာသီတွင် သွားရောက်လည်ပတ်ရန် အဆင်ပြေသောနေရာ ဖြစ်ပါသည်။တောင်ကြီးတန်ဆောင်တိုင်သည် မီးပုံးပျံပွဲတော် ကျင်းပသော ကြောင့်လည်ပါတ်သူများဖြင့်စည်ကားလျှက်ရှိပါသည်။ တောင်ကြီးမြို့မှ16မိုင်ခန့်အကွာတွင် တည်ရှိသော မွေတော်ကက္ကူရှေးဟောင်းစေတီတော်များ၊ ဟိုပုံးရေထွက်ဦး ၊ဟိုပုံကိုရင်လေးကျောင်းနှင့် ထမ်ဆန်ဂူစသည့် လည်ပတ်စရာနေရာများလည်း ရှိပါသည်။

ကျိုက်ထီးရိုး

မွန်ပြည်နယ်ကျိုက်ထိုမြို့အနီးတွင် တည်ရှိသော ကျိုက်ထီးရိုးစေတီတော်ကြီးသည် ကမ္ဘာသိနေရာတခုဖြစ်ပါသည်။ စေတီတည်ရှိရာကျိုက်ထီးရိုးတောင်ပေါ်သို့ကင်ပွန်းစခန်းမှတောင်တက်ကားများဖြင့်တက်ရောက်ပါက 45မိနစ်ခန့်ကြာမြင့်ပြီး တောလမ်းမှခြေလျှင်တက်ရောက်ပါက တောတောင်ချောင်းမြောင်းငယ်များကို ဖြတ်သန်းသွားရသောကြောင့် အလွန်သာယာလှပါသည်။ ကျိုက်ထီးရိုးတောင်ပေါ်သို့ ရောက်လျှင်တောင်စွန်းတွင် မြေပြင်မှကြက်မတဝတ်စာလွတ်သော ကျောက်တုံးပေါ်တွင်တည်ထားသော ကျိုက်ထီးရိုးစေတီတော်ကို ကြည်ညိုစွာဖူးမျှော်နိုင်ပါသည်။ (ယခုလက်ရှိချိန်ထိစေတီတည်ထားရာ ကျောက်တုံးသည်တောင်စွန်းနှင့် မထိပဲလွတ်နေသည်ကို ထင်ရှားစွာတွေ့မြင်နိုင်ပါသည်။ အပြန်ခရီးတွင် ဇင်းကျိုက်ရေတံခွန် ၊စိမ်းလဲ့တင်ဥယာဉ်စသည့်နေရာများသို့လည်း ဝင်ရောက်လည်ပတ်နိုင်ပါသည်။

ပင်လယ်ကမ်းခြေများ

ဧရာဝတီတိုင်းတွင်ရှိသောချောင်းသာကမ်းခြေ၊ငွေဆောင်ကမ်းခြေနှင့်ရခိုင်ပြည်နယ်တွင်ရှိသောငပလီကမ်းခြေတို့သည် ခရီးသွားများအကြိုက်များသည့် အပန်းဖြေရာနေရာ ဖြစ်ပါသည်။ပွင့်လင်းရာသီကာလတွင်ငပလီ၊ချောင်းသာနှင့်ငွေဆောင်ကမ်းခြေတွင်အပန်းဖြေအနားယူကြသောခရီးသွားဧည့်သည်တော်များဖြင့်အလွန်ပင်စည်ကားလှပါသည်။မုတ်သုံရာသီကာလတွင်လဲချောင်းသာနှင့်ငွေဆောင်ကမ်းခြေများသို့ဧည့်သည်တော်များမှာသွားရောက်လည်ပတ်ရင်းအပန်းဖြေကြပါသည်။ယခုအခါချောင်းသာ၊ငွေဆောင်နှင့်ငပလီကမ်းခြေများတွင်Water Sportကစားခြင်း၊ရေငုပ်ကာရေအောက်အလှအပများကိုလက်တွေ့ကြည့်ရှုခံစားခြင်း၊ကမ်းခြေနေဝင်အလှကိုBoatစီးရင်းကြည့်ရှုခြင်းဖြင့်အပန်းဖြေအနားယူနိုင်ပါသည်။

ကျွန်းများ

ယခုအခါတွင်ကျွန်းခရီးစဉ်များသို့လဲသွားရောက်လည်ပတ်လာကြပါသည်။မြိတ်ကျွန်းစုများ၊ထားဝယ်ကမ်းခြေ၊ကော့သောင်းကျွန်းစုများအစရှိသည့်နေရာများသို့လည်း ခရီးသွားဧည့်သည်တော်များဖြင့်စည်ကားလျှက်ရှိပါသည်။မြိတ်ကျွန်းစုများသို့သွားရောက်လည်ပတ်ရာတွင်မြန်မာနိုင်ငံကျွန်းစုတွင်နေထိုင်ကြတဲ့ငါးဖမ်းလုပ်သားများနေ့စဉ်ဘဝနှင့်စလုံလူမျိုးများအကြောင်းကိုလဲလေ့လာခွင့်ရမှာပါ။ကျွန်းများသို့လည်ပတ်ရာတွင်ညအချိန်အခါမှာကျွန်းပေါ်တွင်Tent(ရွက်ဖျင်တဲ)ဖြင့်အိပ်ရသောကြောင့်အတွေ့အကြုံသစ်ကိုလဲခံစားစေရမှာဖြစ်ပါတယ်။မြိတ်မှတဆင့်ကော့သောင်းသို့ခရီးဆက်ကာကော့သောင်းရှိကျွန်းစုများသို့လဲသွားရောက်လည်ပတ်နိုင်ပါသည်။ကော့သောင်းရှိကျွန်းများမှာထိုင်းနိုင်ငံဖူးခတ်ကျွန်းများကဲ့သို့အင်မတန်မှလှပပြီးSnorkellingလုပ်ရာတွင်လဲရေအောက်ကမ္ဘာ သန္တာကျောက်တန်းများ၊ငါးများကိုအနီးကပ်ကြည့်ရှုလေ့လာနိုင်ပါသည်။ကော့သောင်းကျွန်းစုများတွင်ငါးချစ်သူများအဖို့နီမိုငါးလေးများကိုအနီးကပ်ကြည့်ရှုနိုင်တာမို့ကော့သောင်းကျွန်းစုများသို့သွားရောက်
လည်ပတ်သင့်ပါသည်။

ဆင်စခန်း

ပဲခူးရှိဆင်စခန်းများမှာယခုနှစ်ပိုင်းတွင်အင်မတန်မှလူသွားများလာပြီးဝင်္ကဘောဆင်စခန်း၊မှော်ယောကြီးဆင်စခန်းနှင့်ဖိုးကျားဆင်စခန်းတို့မှာဧည့်သည်တော်များအထူးကြိုက်နှစ်သက်လှပြီး
သွားရောက်လည်ပတ်သင့်တဲ့ဆင်စခန်းတွေပဲဖြစ်ပါတယ်။ရန်ကုန်နှင့်သိပ်မဝေးကွာတဲ့နေရာမှာတည်ရှိတာမို့နေ့ချင်းပြန်သွားလို့လဲအဆင်ပြေပါတယ်။ဆင်စခန်းတွင်ဆင်လေးများရဲ့နေထိုင်မှုသဘာဝကိုလဲအနီးကပ် လေ့လာခွင့်ရရှိမှာပါ။ဆင်လေးတွေရေချိုးချိန်တွင်လဲဆင်လေးတွေကိုရေချိုးပေးလို့လဲရပါသေးတယ်။တောတွင်းသဘာဝအလှအပများကိုကြည့်ရှုခံစားဖို့ဆင်စီရင်းစမ်းချောင်းများကိုဖြတ်ကာပျော်ရွှင်စွာလည်ပတ်လို့ ရပါသည်။ဆင်လေးများကိုလဲအစာကျွေးကာအမှတ်တရဓါတ်ပုံများစွာလဲရိုက်ကူးရင်ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါသည်။ရန်ကုန်မှ နေ့ချင်းပြန်သွားနိုင်လို့ပိတ်ရက် ရက်ရှည်မရတဲ့ လူတွေ အတွက်ခရီးအလည်ပါတ်သွားဖို့ ကောင်းတဲ့ နေရာလေးတခု ဖြစ်ပါတယ်။ ဆင်လေးတွေ ကို အစာကျွေးရင်း ပျော်ပွဲစားထွက်လို့ရတယ်ဆိုတော့ ဗဟုသုတလဲရစေမယ့်ဆင်စခန်း ကိုသွားရောက်ကြဖို့ပြောချင်ပါတယ်။

ရန်ကုန်မြစ်အတွင်းရှိအပျော်စီးသင်္ဘောများ

ရန်ကုန်မြို့ပြကြီးရဲ့မွန်းကျပ်မှုတွေကြောင့်စိတ်ပင်ပန်းစိတ်ရှုပ်မှုတွေကိုအပန်းဖြေနိုင်ဖို့အတွက်ရန်ကုန်မြစ်အတွင်းမှာပြေးဆွဲနေတဲ့အပျော်စီးသင်္ဘောများစီးရင်းခေတ္တခဏမေ့ဖျောက်ထားနိုင်ဖို့ပြောပြပါရစေ။
ရန်ကုန်မြစ်အတွင်းတွင်အပျော်စီးသင်္ဘောများမှာညနေပိုင်းတွင်ဗိုလ်တထောင်ကမ်းနားမှထွက်ပါသည်။သင်္ဘောတွေကတော့နှစ်ထပ်သင်္ဘောကြီးတွေပဲဖြစ်ပါတယ်။သင်္ဘောအပေါ်ထပ်မှာနေပြီးလေညှင်းခံရင်း
ဇင်ယော်ငှက်တွေကိုလဲအစာကျွေးလို့ရပါသေးတယ်။သင်္ဘောပေါ်မှရန်ကုန်မြို့ကြီးရဲ့နေဝင်အလှကိုတဝကြီးကြည့်ရှုနိုင်မှာဖြစ်ပါတယ်။သင်္ဘောပေါ်မှာတည်ခင်းဧည့်ခံတဲ့အစားသောက်များသုံးဆောင်ကာ
ရန်ကုန်မြစ်ထဲမှာ သင်္ဘောစီးရင်းအမှတ်တရဓါတ်ပုံများရိုက်ကူးကာညနေခင်းအချိန်ကိိုိုမိမိချစ်ခင်ရသူတွေနဲ့အတူကုန်ဆုံးနိုင်ပါသည်။

Asia Blossom Travels & Tours မှ ဗီဇာလျှောက်ထားပေးခြင်း၊ လေယျာဉ်လက်မှတ်များဖြတ်ပေးခြင်း၊ ဟိုတယ်ဘိုကင်များတင်ပေးခြင်း၊ ပြည်တွင်းပြည်ပခရီးစဉ်များစီစဉ်ပေးခြင်း၊ ကားအငှားဝန်ဆောင်မှုများနှင့်အခြားသောဝန်ဆောင်မှုများကိုလျင်မြန်စွာဆောင်ရွက်ပေးနေတာမို့ယုံကြည်စိတ်ချစွာမေးမြန်းစုံစမ်းဆက်သွယ်နိုင်ပါတယ်ရှင်။