Asia BlossomAsia Blossom
Forgot password?

ဂျပန်ခရီးစဉ်

ကမ္ဘာပေါ်တွင် လည်ပတ်စရာ အကောင်းဆုံး နိုင်ငံများထဲတွင် အပါအဝင် တခုဖြစ်တဲ့ ဂျပန်နိုင်ငံသို့ သွားရောက်လည်ပတ်ဖို့ အတွက် ဧည့်သည်တော်များကို မိတ်ဆက်ပေးပါရစေ။ ဂျပန်နိုင်ငံရဲ့ ပျော်ရွှှုင်စရာ gameများ ဆော့ကစားလို့ရတဲ့ Tokyo Disney Land and Tokyo Disney Sea ဟာဆိုရင် အင်မတန်မှ နာမည်ကြီး ကျော်ကြားလှကာ ကစားနည်းမျိုးစုံ ရှိတာကြောင့် လူကြီးကော လူငယ်ပါ ဂျပန်နိုင်ငံ ရောက်မယ်ဆို သွားလည်သင့်တဲ့ နေရာလေးဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ မြို့တော် အလှကို ခံစားနိုင်ဖို့အတွက်လည်း တိုကျိမျှော်စင်(Tokyo Tower) ကိုလဲ သွားရောက်ကာ ကြည့်ရှုခြင်းဖြင့် စိတ်လှုပ်ရှားမှုကို ခံစားစေရဦးမှာပါ။ ဂျပန်နိုင်ငံရဲ့ အခြားသော လည်ပတ်စရာ နေရာများထဲမှ ရေခဲများဖုံး လွှမ်းနေတဲ့ ဖူဂျီတောင်၊ ခေတ်အဆက်ဆက် သမိုင်းဝင် ဘုရားကျောင်းကြီးများ၊ ကမ္ဘာပေါ်တွင် အကြီးဆုံး ရုပ်ပွားတော်များစာရင်းတွင် ပါဝင်သော ဆုတောင်းပြည့် KAMAKURAရုပ်ပွားတော်၊ Brandedများစုဝေးရာ Ginza Shopping Mall၊ လေညှင်းခံလို့ အကောင်းဆုံးဖြစ်တဲ့ Odaibaမြစ်ကမ်းနံဘေး၊ အစရှိသဖြင့် လည်ပတ်စရာ မကုန်နိုင်အောင် များပြားလှတဲ့ ဂျပန်နိုင်ငံကို ဈေးနှုန်းသင့်တင့်ပြီး သွားလာလည်ပတ်လို့ကောင်းတဲ့ Tokyoမြို့သို့သွားရောက်ဖို့အတွက် ဧည့်သည်တော် များကို ဖိတ်ခေါ်ပါရစေ။ ဧည့်သည်တော်များ အနေဖြင့် Mar-Aprလအတွင်းမှာ သွားမယ်ဆိုရင်တော့ ဧည့်သည်တော်တွေ အနေဖြင့် ချယ်ရီ(Sakura)ပန်းတွေ ဝေေ၀ဆာဆာ ပွင့်ဖူးနေတာကို နေရာတိုင်း လမ်းတိုင်းမှာ တွေ့မြင်ရမယ့် မြင်ကွင်း တွေဟာဆိုရင် ရောင်စုံပန်းချီကားချပ်တွေကို စီချယ်ထားသလို ဝေဆာနေတာမို့ ချယ်ရီ(Sakura) ပွင့်ချိန်ဆို ကမ္ဘာလှည့်ခရီးသွားများနှင့် အင်မတန် စည်းကားလှတဲ့ အချိန်အခါ ဖြစ်တာမို့ဧည့်သည်တော်များ အနေဖြင့် ပျော်ရွှင်စရာ အမှတ်တရ အချိန်အခါလေးဟာ စွဲထင်ကျန်ရစ်နေစေမှာ အမှန်ပဲဖြစ်ပါတယ်။ ပျော်ရွှင်စရာ အမှတ်တရလေးများ ဖန်တီးနိုင်ဖို့အတွက် Asia Blossom Travels & Tours မှရာသီအလိုက်၊မြို့တော်အလိုက် လေ့လာစီစစ် ရေးဆွဲထားတဲ့ Tourတွေရှိတာကြောင့်ဧည့်သည်တော်များ အနေဖြင့် ဝင်ရောက်လေ့လာကာ ဧည့်သည်တော်တို့ သွားချင်တဲ့Tourကို ရွေးချယ်စုံစမ်းကာ ဘိုကင်များ တင်နိုင်ပြီလို့ သတင်းကောင်းပါးအပ်ပါတယ်။


Asia Blossom Travels & Tours မှဗီဇာလျှောက်ထားပေးခြင်း၊ လေယျာဉ်လက်မှတ်များဖြတ်ပေးခြင်း ၊ဟိုတယ်ဘိုကင်များတင်ပေးခြင်း၊ ပြည်တွင်းပြည်ပခရီးစဉ်များ စီစဉ်ပေးခြင်း၊ ကားအငှားဝန်ဆောင်မှုများနှင့် အခြားသော ဝန်ဆောင်မှုများကို လျင်မြန်စွာ ဆောင်ရွက်ပေးနေတာမို့ ယုံကြည်စိတ်ချစွာ မေးမြန်းစုံစမ်း ဆက်သွယ်နိုင်ပါတယ်။