Asia BlossomAsia Blossom
Forgot password?

ကားစီးလုံးငှားဝန်ဆောင်မှု

ကားစီးလုံးငှားဝန်ဆောင်မှု

Asia Blossom Travels & Tours မှ မြန်နိုင်ငံအတွင်းရှိ မြို့တော်များဖြစ်တဲ့ ရန်ကုန်၊မန္တလေး၊ပြင်ဦးလွင်၊ ပုဂံ၊အင်းလေး၊ တောင်ကြီး၊ နေပြည်တော်၊ချောင်းသာ၊ ငွေဆောင်၊ငပလီအစရှိတဲ့ မြို့ကြီးများနှင့် အခြားသောမြို့များကို သီးသန့်ခရီးစဉ်များ အတွက် အမျိုးအစားစုံလင်သော ကားစီးလုံးများကို လူကြီးမင်းတို့စိတ်တိုင်းကျစီစဉ်ဆောင်ရွက် ငှားရမ်းပေးပါသည်။ ကျွမ်းကျင်သော ကားဒရိုင်ဘာများနှင့် ချိတ်ဆက်ထားသောကြောင့် ယုံကြည်စိတ်ချစွာနှင့် လူကြီးမင်းတို့ စိတ်တိုင်းကျကြို/ပို့ ၊နေ့တ၀က် ၊တရက်၊ လပေး စသဖြင့် ကားများကို စီစဉ်ဆောင်ရွက်ပေးနေပါသည်။ ကားအမျိုးအစား စုံလင်စွာရှိတာမို့လူကြီးမင်းတို့ရဲ့ခရီးစဉ်များကို ယုံကြည့်စိတ်ချစွာ Asia Blossom Travles & Tours နှင့်ချိတ်ဆက်ပြီး ဆက်သွယ်စုံစမ်း ငှားရမ်းနိုင်ပါသည်။

စုံစမ်းရန်

ကားစီးလုံးငှား စုံစမ်းရန်လိုအပ်သည့်အချက်အလက်များ

  • အချိန်
  • နေ့ရက်
  • လူဦးရေ
  • ခရီးစဉ် အသေးစိတ်
  • ကားအမျိုးအစား
  • လူကြီးမင်းတို့ လွယ်ကူအဆင်ပြေပြီး အချိန်သက်သာစေရန် သင့်တင့်သောဈေးနှုန်းများဖြင့် ကားစီးလုံးများကို ဆောင်ရွက်ပေးပါမည်။

ကားစီးလုံးငှားဘိုကင်ပြုလုပ်ပါက ကားစီးလုံးဈေးကို Company Bank Acc သို့လွဲလိုက်ရုံဖြင့် ကူပွန်ပြန်လည်ပို့ပေးမည် ဖြစ်ပါသည်။ ငွေလွှဲရန်အဆင်မပြေပါက ကားစီးလုံးဈေးကို Door to Door လိုက်လံကောက်ခံ ပေးမည်ဖြစ်ပါသည်။ အသေးစိတ်ကိုရုံးချိန်အတွင်းဖုန်း၊Email နှင့်facebookစာမျက်နှာမှတစ်ဆင့် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

မှတ်ချက်။ ။ နယ်မှမိတ်ဟောင်းမိတ်သစ်ဧည့်သည်တော်များကိုတော့ ကားစီးလုံးဈေးများကို ဘဏ်ငွေလွှဲစနစ်ဖြင့် လက်ခံဆောင်ရွက်ပေးနေပါသည်။

Asia Blossom Travels & Tours မှ ဗီဇာလျှောက်ထားပေးခြင်း၊ လေယျာဉ်လက်မှတ်များဖြတ်ပေးခြင်း၊ ဟိုတယ်
ဘိုကင်များတင်ပေးခြင်း၊ ပြည်တွင်းပြည်ပခရီးစဉ်များစီစဉ်ပေးခြင်း၊ ကားအငှားဝန်ဆောင်မှုများနှင့်အခြားသောဝန်ဆောင်
မှုများကိုလျင်မြန်စွာဆောင်ရွက်ပေးနေတာမို့ယုံကြည်စိတ်ချစွာမေးမြန်းစုံစမ်းဆက်သွယ်နိုင်ပါတယ်ရှင်။