Asia BlossomAsia Blossom
Forgot password?

ကမ္ဘောဒီးယားခရီးစဉ်

ရန်ကုန်-ကမ္ဘောဒီးယား ခရီးစဉ် (၃ညအိပ်/၄ရက်)

ခရီးစဉ် – ၃ညအိပ် ၄ရက် (အားလပ်ရက်ခရီးရှည်)

Day 01 : ရန်ကုန် – Siem Reap (B/L/D)

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ Siem Reap သို့ မနက် (00) နာရီတွင် Tour Leader နှင့်အတူလူကြီးမင်းတို့၏ပျော်ရွှင်ဖွယ်ရာ ကမ္ဘောဒီးယားခရီးစဉ်ကို စတင်ပါမည်။ မနက်စာကိုလေယာဉ်ပေါ်တွင်သုံးဆောင်ပြီးနောက် (00) နာရီတွင် ကမ္ဘောဒီးယား အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ပါမည်။ ကမ္ဘောဒီးယား အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ရောက်သောအခါ ဧည့်လမ်းညွှန်နှင့်အတူ တည်းခိုမည့်ဟိုတယ်သို့ပို့ဆောင်ပါမည်။ ထို့နောက်နေ့လည်စာကို စားသောက်ဆိုင်တွင်သုံးဆောင် ကြပြီးနောက် Phnom Krom ရှိ အကြီးဆုံး ကုန်းမြင့်ပေါ်တွင်ရှိပြီး အရှေ့တောင်အာရှတွင် အကြီးဆုံးကန်ဖြစ်သော Tonle Sap Lake သို့သွားရောက်လည်ပတ်ပါမည်။ ရိုးရာဓလေ့ထုံးတမ်းစဉ်လာအတိုင်း ရေပေါ်တွင် ဆောက်လုပ်ထားသည့် ဝါးအိမ်များ၊ ကျောင်းများ၊ ကာရာအိုကေဘားများ နှင့်ကမ္ဘောဒီယားလူမျိုးများ၏ နေ့စဉ်နေထိုင်၊ လှုပ်ရှားမှုများကိုလည်းတွေ့မြင်ရပါမည်။ ညစာကို စားသောက်ဆိုင်တွင်သုံးဆောင်ကြပြီးနောက် ဟိုတယ်သို့ပြန်ကာ အနားယူအပန်းဖြေကြပါမည်။

Day 02 : Siem Reap-Angkor Wat Temple (B/L/D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ကြပြီးနောက် AngkorThom တောင်ဘက်မုဒ်သို့ သွားရောက်ကြပါမည်၊ ထို့နောက် Bayon Temple, Baphuon, Royal Enclosure, Phimeanakas, Elephants Terrace နှင့် The Terrace Of The Leper King တို့ကို သွားရောက်လည်ပတ်ကြပါမည်။ နေ့လည်စာကို စားသောက်ဆိုင်တွင်သုံးဆောင်ပါမည်။ နေ့လည်ပိုင်းတွင် 12 ရာစုလည် 13 ရာစုအစပိုင်းတွင်တည်ဆောက်ခဲ့သော Ta Phro Ta Phrom ဘုရားကျောင်းများ (Tomb Raider Temple ဟုလည်း နံမည်ကြီး) သို့သွားပါမည်။ Angkor Wat Temple တွင်ပခုံးများဒူးခေါင်းများ မပေါ်အောင်လုံခြုံသော အဝတ်အစားများဝတ်ဆင်ရပါမည်။ ညနေစာကို Apsara ယဉ်ကျေးမူပျော်ဖြေပွဲကို ကြည့်ရူခံစားရင်းစားသုံးပါမည်။ ထို့နောက် ဟိုတယ်သို့ပြန်ကာ အနားယူအပန်းဖြေ ကြပါမည်။

Day 03 : Siem Reap-Kulen National Park (B/L/D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ကြပြီးနောက် Siem Reap တောင်ဘက် 50Km ခန့်တွင်ရှိသော Kulen National Park သို့သွားပါမည်။ Siem Reap၏ မြစ်လက်တက်ဖြစ်သော Kbal Speam မြစ်ဧ။်ကြည်လင်သောမြစ်ရေထဲ တွင်ကူးခပ်နေသော ငါးအလှလေးများကိုကြည်နူးစွာရူမြင်နိုင်ပါသည်။ အမျိုးသားဥယာဉ်ကြီးထဲတွင် ရေတံခွန်များ၊ 8M ခန့်ရှည်လျားသော ကျောက်ထွင်း ရုပ်ထုများ ကိုရူမြင်ရမည်ဖြစ်ပါသည်။ နေ့လည်စာစားပြီး Siem Reap သို့ပြန်ကာ Artisans D Angkor နှင့်အရပ်ဈေးတခုသို့ သွားရောက်လည်ပတ်ပါမည်။ Les Artisans D Angkor တွင်ရိုးရာနည်းပညာဖြင့်ပြုလုပ်နေသော သစ်သားပန်းပု၊ ကျောက်စစ် လုပ်ငန်းနှင့်ယွန်းထည်များကိုလေ့လာပါမည်။ ညစာကို စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်ပြန်ကာ အိပ်စက် အနားယူကြပါမည်။

Day 04 : Siem Reap-The Angkor Silk Farm (B/L/D)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် The Angkor Silk Farm သို့လေ့လာရန်သွားရောက်ပါမည်။ ထို Silk Farm သည် 8ဧက ခန့်ကျယ်ဝန်းပြီး ၊5ဧကတွင် ပိုးဇာပင်များကိုစိုက်ပျိုးထားပါသည်။ လှပသောစိုက်ပျိုးခြံကြီးထဲတွင် ပိုးချည်မျှင်ယက်လုပ်ပုံ အဆင့်ဆင့် ကို လေ့လာရူမြင်ရမည်ဖြစ်ပါသည်။ နေ့လည်စာကို စားသောက်ဆိုင်တွင် သုံးဆောင်ကြပြီးနောက် ဟိုတယ်သို့ check out လုပ်ကာ ကမ္ဘောဒီးယားလေဆိပ်သို့သွားရောက်ကြပါမည်။ ညစာကို လေယာဉ်ပေါ်တွင် သုံးဆောင်ကြပြီးနောက် ရန်ကုန်သို့ ည (00) နာရီတွင် ခရီစဉ်ပျော်ရွင်စွာဖြင့်ပြန်လည်ရောက်ရှိကြပါမည်။

ဝန်ဆောင်မှုများ အနေဖြင့်…….

  • 3*အဆင့်ရှိဟိုတယ်များတွင် နံနက်စာနှင့် တည်းခိုခန်းခများ(2 ယောက်ခန်း သို့မဟုတ် 3 ယောက်ခန်း)(14/24/33/45 Seaters)
  • ခရီးစဉ်အတွင်းအကြိုအပို့ Air Con Bus နှင့် ကျွမ်းကျင်သော driver များထားရှိပေးခြင်း
  • လေဆိပ်မှ ဟိုတယ်သို့အကြိုအပို့ပြုလုပ်ပေးခြင်း
  • Asia Blossom Travels & Tours မှ Tour Leader နှင့် ဒေသခံ အတွေ့အကြုံရှိ EnglishTour Guide များထားပေးခြင်း
  • ခရီးစဉ်ဝင်ကြေးများ
  • ခရီးစဉ်တစ်ခုလုံးတွင်ဝန်ဆောင်မှုများအပြည့်အဝပေးခြင်း
  • ခရီးစဉ်တွင်ပါဝင်သောဝင်ကြေးများ
  • Tonle Sap Lake သို့ သွားရောက်လည်ပတ်သည့် အပျော်စီးလှေကြေး
  • ခရီးစဉ်တွင်ဖော်ပြထားသော နံနက်စာ၊ နေ့လည်စာ၊ ညစာ (B= Breakfast, L= Lunch, D=Dinner)
  • ခရီးစဉ်တစ်လျှောက်လုံး ရေသန့်ဗူးများ၊ စနိုးတာဝါများ
  • ခရီးစဉ်အတွက်အသွားအပြန် လေယာဉ်လက်မှတ်ခများ
  • အပြည်ပြည်ဆိုင်ရာလေဆိပ်အခွန်ကြေးများ

မပါဝင်သောဝန်ဆောင်မှုများ …….

  • ကိုယ်ပိုင်အသုံးပြုသောအသုံးစရိတ်များ(14/24/33/45 Seaters)
  • ဟိုတယ်နှင့် စားသောက်ဆိုင်တို့တွင်သုံးစွဲသော ရေသန့်၊စနိုးတာဝါ၊အဝတ်လျော်ခ၊
  • Mini bar အသုံးပြုခ၊ ဖုန်းသုံးစွဲခများ
  • ခရီးစဉ်တွင်ဖော်ပြမထားသောလည်ပတ်မှုများ
  • ခရီးစဉ်တွင်ဖော်ပြမထားသော အစားအသောက်များ
  • ခရီးသွားအာမခံကြေးများ
  • နိုင်ငံကူးလက်မှတ်(Passport) လျှောက်ထားခများ
  • လေယာဉ်အတွက်ဝန်ပို သယ်ဆောင်ခများ

ငွေပေးချေမှု

ခရီးစဉ် လိုက်ပါရန် သဘောတူညီပြီး ဖြစ်ပါကပထမအရစ် ပေးချေမှုအဖြစ် 50% ပေးဆောင်ရပါမည်။

Non-Refundable and Non-Endorsable.

Visa ရရှိအပြီးတွင် ကျန်ငွေ 50% အားပေးချေရမည်ဖြစ်သည်။

Guide Tip Money (per person for days ) ကို ရန်ကုန်လေဆိပ်မှ မထွက်ခွာမှီ ပေးချေရပါမည်။

မှတ်ချက်

လေယာဉ်လက်မှတ်ပေါ်မူတည်၍မိမိ Booking လုပ်နောက်ကျလျှင်ဈေးအပြောင်းအလဲရှိနိုင်ပါသည်။

ကုမ္မဏီအနေဖြင့်စီစဉ်ထားသောခရီးစဉ်အတိုင်းဖြစ်အောင် အတတ်နိုင်ဆုံးစီမံဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

သို့သော် ကြိုတင်မှန်းဆ၍မရနိုင်သည့် အခြေအနေ ( ရာသီဥတုအခြေအနေ နှင့်အခြားထိန်းချုပ် ၍မရသော သဘာဝအခြေအနေ) စသော အကြောင်း တစ်စုံတစ်ရာ တစ်ခုခုကြောင့် ခရီးစဉ် ပြင်ဆင် ပြောင်းလဲရန် လိုအပ်လာပါက ကုမ္မဏီအနေဖြင့် အချိန်မရွေး ပြင်ဆင်ပြောင်းလဲခွင့်ရှိစေရပါမည်။